ထီးလင်းမြို့နယ် ရွှေအောင်သာရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ် YDF(Htilin)က ထောင်ထားတဲ့ တိုက်မိုင်း ထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း YDF(Htilin)ကထုတ်ပြန်ပါတယ်။
“အဲဒီနေရာက ပြည်သူတွေအသွားအလာမရှိတဲ့နေရာပါ၊မနက်အစောကြီး ကျွန်တော် တို့ပေါက် ကွဲသံကြား လိုက်ရတာ၊မနက်လင်းရဲဘော်တွေသွားကြည့်တော့ သွေးစသွေးနတွေနဲ့ စစ်ဖိနပ်ရာတွေတွေ့ခဲ့ရတယ်” လို့ YDF ဗျူဟာမှူးသခင်ဇော်က ပြောပါတယ်။
တွေ့ရတဲ့သွေးစသွေးနတွေအရ စစ်ကောင်စီစစ်သားတစ်ဦးကနေငါးဦးအထိ ထိခိုက်မှုနိုင်တယ်လို့ YDF (Htinlin) က ဆိုပါတယ်။
မိုင်းပေါက်ကွဲအပြီးမှာစစ်ကောင်စီတပ်သားတွေက ဆယ်မိနစ်ဝန်းကျင် ရမ်းသမ်းပစ်ခတ်သံတွေ လည်းကြားရ တယ်လို့ဆိုပါတယ်။
” သူတို့က ကျွန်တော်တို့ မိုင်းဆွဲတယ်ထင်ပြီး ပစ်တာနေမှာ”လို့ သခင်ဇော်ကပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီစစ်သားတွေဟာ ရွှေအောင်သာရွာမှာအထိုင်ချနေတဲ့ တပ်ကဖြစ်တယ်လို့ သိရပါ တယ်။ စစ်ကောင်စီဟာ ထီးလင်းမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်တိုင်း ထိခိုက်ကျဆုံးမှု တွေရှိနေတာဖြစ်ပါတယ်။