စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီး၊ရဟတ်ယာဉ် လေးစီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး စီးနင်းခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ပြည်သူတချို့သေဆုံးပြီး ပိတ်မိခဲ့တဲ့ ရွာခံပြည်သူတွေကိုလည်း ကယ်ထုတ်ခဲ့ရတယ်လို့ BLACK WOLF-ARMY က ထုတ်ပြန်ပါတယ်။
အခုလို ဝင်ရောက်စီးနင်းတိုက်ခိုက်တာကြောင့် ငါးပတ်ချောင်းကျေးရွာထဲက ပိတ်မိနေတဲ့ ရွာသူရွာသားတွေကို BLACK WOLF-ARMY နဲ့ မဟာမိတ်တပ်တွေပူးပေါင်းပြီး ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
“ခွေး(စကစ)တွေကတော့အဲ့ဒီနားမှာရှိသေးတယ်၊ရွာကိုတော့မီးရှို့မဖျက်ဆီးသေးဘူး၊ အခက်အခဲတွေကတော့ အများကြီးပါ၊ စစ်ဘေးရှောင်တွေလည်း အများကြီးဘဲ၊အဲ့ဒီပတ်ဝန်းကျင်နားက ရွာတွေအကုန်လုံးပြေးရတာ ” လို့ BLACK WOLF-ARMY က တာဝန်ရှိသူတစ်ဦးကDNA ကို ပြောပါတယ်။
စစ်ကောင်စီက အကြမ်းဖက်စီးနင်းတိုက်ခိုက်တာကြောင့် ငါးပတ်ချောင်းရွာခံတွေအပါအဝင် အနီးဝန်းကျင် ကျေးရွာခြောက်ရွာလောက်က ပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး လူဦးရေဘယ်လောက်တိမ်းရှော င်နေရတယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
ငါးပတ်ချောင်းကျေးရွာထဲမှာရှိတဲ့ ပြည်သူတွေကို ကယ်ထုတ်နေစဉ်အတွင်း ညနေ ၇နာရီဝန်းကျင် စစ်ကောင်စီ တပ်တွေက အင် အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အပြင် လေကြောင်းနဲ့ပါတိုက်ခိုက်လာတာကြောင့် ပြန် လည်တိုက်ခိုက်ခွင့်မရဘဲ ဆုတ်ခွာခဲ့ရပြီး တပ်ဖွဲ့ဝင်တဦးနဲ့ အရပ်သားပြည်သူနှစ်ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ Black Wolf Army ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။
ပြည်သူတွေကို ကယ်ထုတ်နေချိန်မှာ တပ်ဖွဲ့နဲ့ အဆက်အသွယ်ပြတ်သွားတဲ့ စနိုက်ပါတပ်ဖွဲ့ဝင်ကို တောနင်းရှာဖွေ ရာမှာအောက်တိုဘာ ၉ ရက်မနက်ပိုင်းမှာ တခြား အရပ်သားနှစ်ဦးရဲ ရုပ်အလောင်းတွေနဲ့အတူ အဆက်အသွယ် ပြတ်နေတဲ့ တပ်ဖွဲ့ဝင်ရဲ့ ရုပ်အလောင်းကိုပါ ပြန်တွေ့ခဲ့တာဖြစ်တယ်လို့ BLACK WOLF-ARMY ကဆိုပါတယ်။
စနိုက်ပါ တပ်ဖွဲ့ဝင်ရဲ့ ရုပ်အလောင်းမှာ လည်ပင်းပြတ်ရှဒဏ်ရာ ၊ ဂုတ်ပြတ်ရှဒဏ်ရာ၊ နောက်ကျောထိုး သွင်း ဒဏ် ရာတွေကိုတွေ့ရတယ်လို့လည်း ဆိုပါတယ်။အဲ့ဒီတပ်ဖွဲ့ဝင်ကိုင်ဆောင်တဲ့ စနိုက်ပါသေနတ်တလက်ကိုလည်း ဆုံး ရှုံးခဲ့တယ်လို့သိရပါတယ်။
စစ်တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်စီးနင်းချိန်မှာ ငါးပတ်ချောင်းရွာ အနီးတိုက်ပွဲဖြစ်နေတာမရှိ ဘူးလို့သိ ရပါတယ်။ငါးပတ်ချောင်းရွာဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ် ဧရာဝတီမြစ်ကမ်းဘေးက ရွာတရွာဖြစ်ပြီး အဲ့ဒီဒေသတဝိုက်မှာ မြစ်ကြောင်းထဲ ဖြတ်သန်းလာတဲ့ စစ်ကောင်စီရေယာဉ်တွေ မကြာခဏတိုက်ခိုက်ခံရ လေ့ရှိပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ငါးပတ်ချောင်းရွာကို ပစ်ခတ်စီးနင်းခဲ့တဲ့ အေက်တိုဘာ ၈ရက်မှာ ဒေသတွင်း တခြား ကျေးရွာတချို့နဲ့ PDF စခန်း တချို့ကိုလည်း စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနတွေကဖော်ပြထားပါတယ်။