ရခိုင်တိုက်ပွဲမလိုက်ချင်လို့ တိမ်းရှောင်နေတဲ့ ဂန့်ဂေါနယ်က ပျူစောထီးတွေ နေရပ်ပြန်လာချိန်မှာ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေအတွက် စစ်တပ်က လူစုဆောင်းချိန်မှာမလိုက်ချင်လို့ တိမ်းရှောင်သွားတဲ့ ဂန့်ဂေါနယ်က ပျူ စောထီးတွေက ရှစ်ဦး နေရပ်ပြန်လာချိန်မှာ ဒေသခံပျူစောထီးတွေက ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်း ရင်းမြစ်တွေဆီကသိရပါတယ်။
ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပျူစောထီးတွေထဲက ခြောက်ဦးဟာအောက်တိုဘာ (၅) ရက်မှာ ရွာကိုပြန် လာ ကြပြီး နောက်တစ်ရက်မှာလည်း နောက်ထပ်နှစ်ဦးပြန်လာခဲ့ရာက ရှစ်ဦးလုံး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ် လို့သိရ ပါတယ်။
“မလိုက်ချင်ကြတော့ဘူး၊မဲပေါက်တဲ့မိသားစုဝင်တွေက ငိုလို့တဲ့၊ငိုကြတော့ ဟံသာဝတီကစစ်ဗိုလ်က သူတို့ကို့ပြော တာတဲ့၊ခုမငိုနဲ့ဦး။ ပြန်လာမှငိုဆိုပြီးပြောတာ” လို့ ဂန့်ဂေါက ပျူစောထီးရွာဖြစ်တဲ့ ဟံသာဝတီရွာနဲ့ နီးစပ်မူရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ဂန့်ဂေါကပျူစောထီးရွာတွေဖြစ်တဲ့ မြောက်ခင်ရန်း၊ကုက္ကား၊ လယ်ကြီး၊ ဟံသာဝတီကျေးရွာတွေက ပျူစောထီး တွေကို အောက်တိုဘာ (၁) ရက်မှာ ရခိုင်ကိုလွှတ်ဖို့ မဲနှိုက်စေခဲ့ပြီး မြောက်ခင်ရန်းရွာက မဲပေါက်တဲ့ ပျူစောထီး တွေထဲက ဆယ့် သုံးယောက်ဟာ ရွာကနေထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေကို ထုတ်ပြန် ပေးနေတဲ့ ယောသတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
“ဟံသာဝတီရော၊ မြောက်ခင်ရန်းရော ရခိုင်ကိုသွားဖို့မဲနှိုက်ရတယ်၊မဲပေါက်တဲ့သူတွေက ရခိုင်ကိုသွားရတယ်၊ သူ တို့တွေလည်း မဲပေါက်မှာကိုကြောက်နေကြတော့တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ပျူစောထီးရှစ်ဦးကို စစ်ဆေးရာမှာ ကျန်ရှိနေတဲ့ငါးဦးဟာ ယာတဲတစ်ခုမှာရှိကြောင်းသတင်းရလို့ သွားရောက်ဖမ်းဆီးကြရာမှာ ပျူစောထီးအဖွဲ့ဝင်တွေကိုမတွေ့လို့ ယာတောတဲမှာရှိတဲ့ရွာသားတွေကိုဖမ်းဆီးပြီး ပျူစောထီးရှစ်ဦးနဲ့အတူ ဟံသာဝတီရဲစခန်းမှာ ချုပ်ထားတယ်လို့ ယောသတင်းမှန်ပြန်ကြားရေးအဖွဲ့ကဆိုပါတယ်။
ပျူစောထီးတွေနဲ့ စစ်တပ်ကဖမ်းဆီးချုပ်နှောင်ထားတဲ့ ဒေသခံ အရပ်သားတွေဟာ ဘယ်သူတွေဖြစ်တယ် ဆိုတာကို မသိရသေးပါဘူး။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့သြဂုတ်လကလည်း ဟံဟာဝတီကျေးရွာကပျူစောထီးတချို့ကို ရခိုင်ကိုပို့ခဲ့ပြီး အဲဒီပျူ စောထီးတွေနဲ့ ရွာကမိသားစုတွေ အခုထိဆက်သွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။