ထီးလင်းမြို့နယ် သာရခါရွာကို စစ်ကောင်စီစစ်ကြောင်းကမီးရှို့ဖျက်ဆီး

Photo – Google

ထီးလင်းမြို့နယ်၊ သရခါကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ (၇) ရက် ဒီကနေ့ မနက်အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ “သူတို့စစ်ကြောင်းကမနေ့ကစ အဲ့ရွာမှာစတည်းချပြီး အနီးအနားကို လက်နက်ကြီးတွေနဲ့ထုနေတာ၊ညအိပ်ပြီး ခုမ နက်စောစောမှာ ရှို့သွားတာ” လို့ YDF ဗျူဟာမှူး သခင်ဇော်ကပြောပါတယ်။

စစ်တပ်က မီးရှို့မှုကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ လူထိခိုက်မှုရှိမရှိဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ စစ် ကောင်စီကစစ်ကြောင်းထိုးလာတာကြောင့် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး ဓားစာခံအဖြစ်ခေါ်ဆောင် လေ့ရှိတာကြောင့် စစ်ကောင်စီစစ်ကြောင်းနဲ့လွတ်ရာကို အထူးသတိထားရှောင်ရှားကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံမီဒီယာတွေက ပြည်သူတွေကို အဆက်မပြတ်သတိပေးနေရတယ်လို့ တော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာလ (၆) ရက်နေ့က အောင်းရွာသားတွေဖြစ်တဲ့ ဦးဇော်မြင့်နဲ့ ဦးတင် မင်းနိုင်ကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာလ (၃) ရက်နေ့က အောင်းတောင်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်လေးလုံးနဲ့ ပန်းပဲဖိုတစ်ခုမီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။