ရေကြည်က မှုခင်းသတင်းထောက်တဦးကို စစ်ကောင်စီက ဖမ်းဆီး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ မှုခင်းသတင်းထောက် ကိုဆန်းတင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီက ဖမ်းထားတယ်လို့သိရပါတယ်။
ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက် ကိုဆန်းတင့် ဟာ ဧရာ ဝတီတိုင်း စိုက်ပျိုးရေးဝန်ကြီးရဲ့ တိုင် တန်းချက်အရ အောက်တိုဘာလ ၃ ရက်နေ့က အဖမ်းခံရတာလို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။
“အိုင်ဇောက် ကွင်းလျှား ရေကြီးနစ်မြုပ်လို့ စပါးခင်းတွေပျက်စီးတယ်ဆိုပြီး သတင်းအမှား ရေးလို့ အဖမ်းခံ ရတာ”လို့ ဆိုပါတယ်။
သတင်းထွက်ပေါ်မှုကြောင့် စစ်ကောင်စီခန့် စိုက်ပျိုးရေးဝန်ကြီးက ကွင်းဆင်း စစ်ဆေးတာမှာ သတင်းမှန်ကန်မှု မရှိတဲ့ အတွက် အကြည်ညိုပျက်စေမှု့နဲ့ ဝန်ကြီးကိုယ်တိုင် တရားလိုလုပ်ပြီး တိုင်ကြား တရားစွဲလို့ အမှုရေးဖွင့်ရတာလို့ ရေကြည်ရဲစခန်း နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဆန်းတင့် ဟာ မူခင်း သတင်းထောက် အမည်ခံပြီး ဒေသခံတွေဆီက ခြိမ်းခြောက် ငွေညှစ်တာ၊ ပြီးတော့စစ် တပ် နဲ့ ရဲကို မမှန်သတင်းပေးပြီး သူနဲ့မသင့် မြတ်သူတွေကို ချောက်ချတာ ၊ စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြတဲ့သူတွေကို သူကဓာတ်ပုံရိုက် သတင်းပို့ တာတွေလုပ်ခဲ့သူလို့ ဒေသခံတွေက ပြောပါတယ်။
မှုခင်းသတင်းထောက် ကိုဆန်းတင့်ဟာ ဇန်နဝါရီလ (၁၆ ) ရက်နေ့က သူ့ ရွာကနေ ရေကြည်မြို့ကို သွားတဲ့လမ်း မှာ တော်လှန်ရေး အင်အားစုတွေရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကိုခံရပေမယ့် မသေခဲ့ပဲ လွတ်မြောက်လာခဲ့သူလို့လည်း သိရပါတယ် ။