စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ရေဦး-ရွှေဘို ကားလမ်းကို စစ်ကောင်စီတပ် သားတွေက သဲအိတ်တွေနဲ့ လမ်း ပိတ်ဆို့ထားလို့ ခရီးသည်တင်ကားတွေ၊အိမ်စီးကားတွေနဲ့ ကုန်ကားတွေ စုစုပေါင်း တရာကျော်နဲ့ လူသုံး ဝန်း လောက် တပတ်ကြာ ပိတ်မိနေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ထုတ်ပြန် ပါတယ်။
ရွှေဘိုမြို့နယ် ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ (၃၀)ရက်က စပြီး ရေဦး-ရွှေဘို ကားလမ်းမှာ သဲအိတ်တွေချပြီး လမ်းပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
“ခင်ဦးမြို့နယ်ထဲကို အစားအသောက်နဲ့ရိက္ခာတွေ ယာယီဖြတ်တောက်ချင်တာလို့မြင်တယ်၊အဓိကကတော့ ခင်ဦး မြို့နယ်အနောက်ဖက်ခြမ်းပေါ့၊အဲဒီနေရာတွေက သူတို့စကစတွေကို အမြဲတမ်းမိုင်းဆွဲတာ၊ပစ်ခတ် တိုက်ခိုက် တာတွေ လုပ်နေကျဖြစ်တယ်၊ သူတို့ဖိနိုင်ဖို့အတွက် အခုလိုလုပ်ထားတယ်လို့ သုံးသပ်တယ်”လို့ ခင်ဦးမြို့ နယ်အနောက်ခြမ်းက ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးကပြောပါတယ်။
စစ်ကောင်စီဟာ ခင်ဦးမြို့နယ်ကို ဆက်သွယ်ရေးနဲ့ အစားအသောက် ရိက္ခာကုန်ပစ္စည်းတွေ သယ်ယူတဲ့ လမ်း ကြောဖြတ်တောက်တဲ့အနေနဲ့ ရွှေဘို-ခင်ဦး လမ်းပေါ်ကနေ သီးကုန်းရွာအထိ တွေ့တဲ့ဆိုင်ကယ်တွေကိုသိမ်းယူ သွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်အစီး (၆၀)ကျော်ကို တစီး ကျပ် နှစ်သိန်းနဲ့ ပြန်ရွေးခိုင်းတယ်လို့ မြို့နယ်သတင်း မှန်ပြန် ကြားရေးအဖွဲ့ကလည်း ဆိုပါတယ်။
လိုင်စင်မပါတဲ့ ဆိုင်ကယ်တွေကိုတော့ အပြီးသိမ်းသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ လက်ရှိမှာခင်ဦး -ရွှေဘို နဲ့ ရေဦး-ခင်ဦးလမ်းပိုင်းတွေကို ခင်ဦးမြို့နယ်ဒေသခံတွေအသုံးပြုလို့မရပဲအခက် အခဲတွေရှိနေတယ်လို့ သိရ ပါ တယ်။
စစ်တပ်က ပိတ်ဆို့ထားတဲ့ လမ်းပိုင်းဟာ ရွှေဘိုမြို့ကနေ ရေဦးမြို့ဘက် သွားရာမှာ ခင်ဦးမြို့ကို ရှောင်ကွင်းသွား နိုင်တဲ့ မြို့ရှောင်လမ်းတခုဖြစ်ပြီး လက်ရှိမှာ ပြည်သူတွေအသုံးပြုမှုများနေတဲ့လမ်းပိုင်းတခုဖြစ်တယ်လို့ ခင်ဦးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။
“အခုလို လမ်းပိတ်ထားတော့ ရွှေဘိုနဲ့ရေဦးကြား ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး ဒေသခံတွေနဲ့ ခရီးသွားပြည်သူ တွေ ကုန်ကားသမားတွေ ဒုက္ခရောက်ကြတာပေါ့”လို့သူကပြောပါတယ်။
ရွှေဘိုနဲ့ရေဦးမြို့တွေကို ဆက်သွယ်သွားလာနိုင်တဲ့ တခြား မြို့ရှောင်လမ်းကြောင်းတခုလည်းရှိပေမယ့် အဲ့ဒီလမ်း ကြောင်းမှာ စစ်ကောင်စီတပ်တွေ မကြာမခဏမိုင်းဆွဲတိုက်ခိုက်ခံရလို့ ပြည်သူတွေ အသုံးမပြုကြတာ ကြာပြီလို့ သိ ရပါတယ်။
စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲကမုံရွာမြို့မှာလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ အင် အားကောင်းတဲ့ ဒေသက လမ်းပိုင်းတချို့ကိုယာဉ်တွေ သွားလာမရအောင်ဖျက်ဆီးပစ်တာတွေလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ စစ်ကိုင်းမြို့ကနေ မုံရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီထောက်ပို့ ယာဉ်တန်း ကို လမ်းတလျှောက် မြို့ခံ ကာကွယ်ရေးတပ်တွေက တရက်တည်း အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြအပြီးမှာ စစ်ကိုင်းတိုင်းအတွင်း အခုလို လမ်းပိတ်ဆို့တာ၊ဖျက်ဆီးပစ်တာတွေကို စစ်ကောင်စီဘက်က လုပ်ဆောင်လာ တာ ပါ။