ရွှေပြည်သာက ရပ်ကွက်ရုံးဖောက်ခွဲတိုက်ခိုက်မှုမှာ ပြည်သူအချို့ထိခိုက်ခဲ့လို့ တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က တောင်းပန်

Photo – Google

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်အတွင်းက ရပ်ကွက်ရုံးတစ်ခုကိုဖောက်ခွဲတိုက်ခိုက်ရာမှာ ပြည်သူတချို့ ထိခိုက်ဒ ဏ်ရာ ရရှိခဲ့လို့ Generation Z Defence Force&supply Armyအနေနဲ့ ပြည်သူတွေကိုတောင်းပန်ကြောင်း အဖွဲ့ ပြန်ကြား ရေးတာဝန်ခံက DNAကို ပြောပါတယ်။”တောင်းပန်စာထုတ်ဖိုပြင်နေပါတယ်၊ပြီးရင် အဲ့အတွက် တာဝန်ခံမှု၊တာဝန်ယူမှုကို ကျွန်တော်တို့ GZDF တာဝန်ခံ က ယူပါလိမ့်မယ်”လို့ Generation Z Defence Force&supply Armyအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါ တယ်။

ရွှေပြည်သာမြို့နယ်၊အမှတ် (၂၆)ရပ်ကွက်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Generation Z Defence Force&supply Armyအဖွဲ့က အောက်တိုဘာ (၅)ရက် ညနေပိုင်းမှာ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခဲ့ပြီး ပြည်သူတချို့ ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့်ရုံးအတွင်းဧည့်စာရင်းတိုင်ကြားသူ ပြည်သူအချို့နဲ့ရပ် ကွက်ရုံးစာရေး တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတချို့က ပြောပါတယ်။

“ဗုံးပေါက်တော့ ရုံးထဲကလူတွေထွက်ပြေးကြတာပေါ့၊ ရုံးအရှေ့နားမှာပေါက်တာ၊ လူနာတင်ယာဥ်ကားသံတွေ လည်းကြားလိုက်ရတယ်၊ဘယ်နှစ်ယောက်ထိတယ်ဆိုတာတော့မသိဘူး၊လူထိခိုက်တာတော့ရှိတယ်”လို့ ရွှေပြည် သာမြို့နယ်နေ ဒေသခံတစ်ဦးကပြောပါတယ်။