
ကလေးမြို့တောင်ပိုင်းဒေသတွေနဲ မြို့ပေါ်ကို ဆက်စပ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီက တလကျော်ကြာ ပိတ်ထားလို့ တောင်ပိုင်းဒေသနေပြည်သူတွေ ဆေးကုသရေးခက်ခဲနေပြီး စားသောက်ကုန်တချို့လည်း ပြတ်လပ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“အဓိကကတော့ ကျန်းမာရေးပဲ၊ရွာတွေမှာက ခုတော်တော်ဖျားကြတယ်၊အန်ကြတယ်၊တတ်သမျှ အဂ်လိပ်ဆေး နဲ့ဗမာဆေး ပေါင်းပြီးကုကြရတယ်၊ဗမာဆေးကများများပါပဲ” လို့ ကလေးတောင်ပိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
ကျန်းမားရေးနဲ့ပတ်သက်ရင် အပေါ့စားဝေဒနာတွေကို ကုသဖို့ ပြသနာမရှိပေမယ့် ရောဂါဂါကြီးကြီးမားမား ရှိသူ တွေ၊ ရုတ်တရက်ကျန်းမာရေးဖောက်သူတွေနဲ့ကလေးမီးဖွားသူတွေလို အရေးပေါ်အခြေအနေတွေအတွက်တော့ အခက်ကြုံနေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။
အခုရက်ပိုင်းအတွင်မှာပဲ ရုတ်တရက်ကျန်းမာရေးဖောက်ပြီး တောင်ပိုင်းဒေသက ပြည်သူတစ်ဦး မြို့တက်ကုသခွင့် မရဘဲ သေဆုံးခဲ့တယ်လို့သိရပါတယ်။
“မူးလဲပြီးဆုံးသွားတာ၊လမ်းပွင့်ရင်တော့ အသက်မီမီမမီမီ ကလေးမြို့ကိုသွားမှာပ၊လမ်းပိတ်ထားတော့ မသွားကြ တော့ဘူး”လို့ အဲ့ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံကပြောပါတယ်။
ကလေးမီးဖွားတာတွေကိုလည်း ဒေသတွင်းမှာ အဆင်ပြေသလို မွေးဖွားပေးနေရပြီး ကံကောင်းထောက်မစွာနဲ့ အဖိတ်အစင်ရှိတာမကြားရဘူးလို့ ဒေသခံတစ်ဦး ကဆိုပါတယ်။
DNA နဲ့အဆက်အသွယ်ရခဲ့သူတွေဟာ ကလေးမြို့ တောင်ပိုင်းကျေးရွာတွေက ဒေသခံတွေဖြစ်ပြီး လုံခြုံရေးအရ နာမည်တွေနဲ့ နေထိုင်တဲ့ရွာအမည်တွေကို ထုတ်ဖော်လိုခြင်းမရှိပါဘူး။
စားသောက်ကုန်ကတော့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ဆန်နဲ့ဆီတွေက ဒေသတွင်းမှာရှိနေပေမယ့် ကလေးမြို့က နေလာတဲ့ ကုန်ခြောက်တချို့နဲ့ မုန့်ပဲသရေစာတွေပြတ်လပ်နေတာဖြစ်တယ်လို့သိရပါတယ်။
“တောလမ်းကနေကယ်ရီသယ်တဲ့သူတွေတော့ရှိတယ်၊သူတို့ကလည်း ဓာတ်ဆီတို့လိုမျိုး ဝန်ကျဥ်းပြီးစျေးရတဲ့ဟာ ပဲသယ်တာ” လို့ ကလေးမြို့တောင်ပိုင်း ကျေးရွာတရွာက အမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဟာ ကလေးမြို့နယ်တောင်ပိုင်းကိုအခုလို လမ်းပိတ်ထားတင်မက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာလည်း လနဲ့ချီကြာနေပါပြီ။
” ဖုန်းကတော့ အော်ရီဒူးတလိုင်းပဲရတယ်၊နေရာတိုင်းမမိဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ကလေးမြို့ပေါ်နဲ့ ကလေးတောင်ပိုင်း လိုင်းကားပြေးဆွဲမှုကို သြဂုတ် (၂၂) ရက်နေ့ကစပိတ်ခဲ့သလို လမ်းအသုံးပြုခွင့်ကိုပါ လုံးဝပိတ်ပင်ထားတာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
လမ်းဘာကြောင့်ပိတ်တယ်ဆိုတာ အတိအကျမသိရပေမယ့် ဂန့်ဂေါနယ်က ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာက ဈေးဝယ်ထွက်လာတဲ့ယာဉ်တန်း ကလေးမြို့ဘက်မှာ ပစ်ခတ်တိုက်ခိုက်ခံရပြီးကတည်းက လမ်းပိတ်လိုက် တာ ဖြစ်လို့ အဲ့ဒီဖြစ်စဉ်နဲ့ ဆက်စပ်နေမယ်လို့ ဒေသခံတွေကယူဆကြပါတယ်။