မုံရွာ၊ ညောင်ဖြူပင်ရွာရဲစခန်း တိုက်ခိုက်ခံပြီး ရဲနဲ့စစ်သား ဆယ်ဦးသေ၊ ငါးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာက ညောင်ဖြူပင်ရွာ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက် ရာမှာ ရဲနဲ့စစ်သားဆယ်ဦးသေပြီး ငါးဦးဒဏ်ရာရတယ်လို့ Scorpions People Defense Force အပါအဝင် မဟာ မိတ်တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီရဲစခန်းကို အောက်တိုဘာ (၂)ရက် မနေ့ကမနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် လေးဆယ့်ငါးမိနစ်လောက်ရှိခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီဘက်က ကျဆုံးထိခိုက်မှုတွေနဲ့ပတ်သက်ပြီး မြေပြင် အတည်ပြုချက်နဲ့သတင်းထုတ်ပြန်တာဖြစ်တယ်လို့ Scorpions People Defense Force ပြန်ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။

“ကျွန်တော်တို့ဘက်ကနေပြီးတော့ အရင်ဦးဆုံး လက်နက်ကြီးနဲ့ စပစ်တာပေါ့၊ လက်နက်ကြီးက မိုးတအားရွာ သွန်းနေတော့ မကွဲခဲ့ဘူး၊ ကျွန်တော်တို့အဓိက plan ဆွဲတာတော့ စခန်းသိမ်းဖို့ plan ဆွဲတာ လို့သူက ပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန် ညောင်ပင်ဖြူရဲစခန်းမှာာ စစ်ကောင်စီဘက်က စစ်တပ်နဲ့ရဲ အင်အား နှစ်ဆယ်ဝန်းကျင်ရှိ တယ် လို့ ဆိုပါတယ်။အဲ့ဒီရဲစခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အဲ့ဒီတိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ လက်အောက်ခံ တပ်ခွဲ (၁) မြေလတ် PDF – တောင်သာ နဲ့ တပ်ခွဲ (၃) Seven People Defense Force ၊ Scorpions People Defense Force တို့က စစ်ကိုင်းတိုင်း တပ်ရင်း (၁) မဟာ မိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ဖြူပင်ရဲစခန်းဟာ အခိုင်အမာ တည်ဆောက်ထားတာဖြစ်ပြီး တိုက်ပွဲဖြစ်နေချိန်မှာ မိုးသည်းထန်စွာ ရွာ လာတာတွေကြောင့် စခန်းကိုမသိမ်းနိုင်ခဲ့ဘဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ညောင်ဖြူပင်ရဲစခန်းကို ဩဂုတ်လကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး စခန်းမှူး သေဆုံးခဲ့ကာ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ညောင်ဖြူပင်စခန်းက ဈေးဝယ်ထွက်လာတဲ့ ရဲနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။