ပခုက္ကူမြို့ အင်ပင်ကျေးရွာမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦးသေ

မကွေးတိုင်း၊ပခုက္ကူမြို့၊ အင်ပင် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ် တပ်ဖွဲ့ တွေက စစ်တင်ဘာလ (၃ဝ) ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာ ရရှိတယ်လို့ Young Force – UG ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

“ပစ်ခတ်မှုကတော့ အရင်ပွဲတွေနဲ့မတူဘူးပေါ့၊စနစ်တကျလဲ ရှိတယ် အန္တရာယ်လဲများတယ်၊ နောက်က လက် နက်ကြီး ပစ်ပေးရတယ်၊ပြောက်ကျားတပ်ဖွဲ့တွေ တဖြည်းဖြည်းချင်းကပ်ပီး တိုက်ခိုက်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်ရှိတိုက်ခိုက်မှုတွေမှာ ကျည်ကိုချွေတာသုံးစွဲနေရပြီး လက်နက်အင်အား လုံ လောက်လာရင် စခန်းတွေ၊ ဂိတ်တွေသိမ်းနိုင်တဲ့အခြေအနေထိ ဖြစ်လာမယ်လို့ဆိုပါတယ်။

တိုက်ပွဲမှာကင်းထောက်တပ်ဖွဲ့ ၊ Drone တပ်ဖွဲ့ ၊ လ/နကြီးတပ်ဖွဲ့Auto(ပြောက်ကျားတပ်ဖွဲ့) တွေနဲ့ မြေပြင်၊ ဝေဟင်ဖိအားပေး ပစ်ခတ်ပြီး ပြောက်ကျားတပ်ဖွဲ့တွေက အနီးကပ်တက် ပစ်ခတ်ခဲ့တယ်လို့ Young Force အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ပြည်သူနှစ်ဦးကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ပြီး စစစ်တပ်နဲ့ ကာကွယ်ရေးတပ် ဘယ် ဘက်ကပစ်တဲ့ ကျည်ထိမှန်တယ်ဆိုတာတော့ မသိနိုင်ဘူးလို့ Young Force UG ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ဘယ်ဘက်က ကျဥ်ထိတာဖြစ်စေ ပြည်သူနှစ်ဦးအတွက် တော်လှန်ရေးအဖွဲ့တွေကပဲ တာဝန်ယူဖြေရှင်းသွား မှာ ဖြစ်တယ်လို့သူကဆိုပြီး တိုက်ပွဲနဲ့ ပတ်သက်လို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ရာမှာ လည်း ပြည်သူတွေထိခိုက်ခဲ့တဲ့အတွက် တောင်းပန်တဲ့အကြောင်းထည့်သွင်းဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ သက်ဆိုင်တဲ့နေရာတွေကိုရှောင်ရှားသွားလာကြဖို့နဲ့ တိုက်ပွဲဖြစ်တဲ့အခြေ အနေနဲ့ကြုံ ခဲ့ရင်လည်း ဘေးလွတ်ရာနေရာမှာတွေမှာ သတိနဲ့နေထိုင်ကြဖို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ၁၃ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။