မကွေးတိုင်း ဒေသခံအချို့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ

မကွေးတိုင်းအတွင်း မြို့နယ်တွေက ဒေသခံတချို့ ရန်ကုန်၊မန္တလေးမြို့ကြီးတွေကို အကြောင်းအမျိုးမျိုးနဲ့ သွား ရောက်ခဲ့ပြီးနောက် စစ်ကောင်စီကဖမ်းဆီးသွားပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဖမ်းဆီးခံရသူ တချို့ရဲ့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာပဲ မကွေးတိုင်းထဲက သရက်မြို့နဲ့ကံမမြို့နယ်က ဒေသခံတွေ ရန်ကုန်၊မ န္တလေးနဲ့ ပဲခူးမြို့တွေမှာ ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားသူ အနည်းဆုံးခုနစ်ဦး လောက် ရှိနေတာကို DNA က အတည်ပြုထားနိုင်ပါတယ်။
ကံမမြို့နယ်မှာနေထိုင်တဲ့ မိသားစုဝင်သုံးဦးဟာ ဆေးကုဖို့အတွက် ရန်ကုန်ကိုသွားခဲ့ကြပြီးနောက် ရက်ပိုင်း အကြာ မှာပဲ တည်းခိုရာအိမ်မှာ ဖမ်းဆီးခံလိုက်ရပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရတော့ဘူးဖြစ်နေ တယ်လို့ ဖမ်း ဆီးခံရတဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
“တည်းတဲ့အိမ်မှာပဲအဖမ်းခံလိုက်ရတယ်လို့ အိမ်ရှင်တွေကဖုန်းဆက်အကြောင်းကြားတယ်၊မိဘနှစ်ယောက် လုံးအ သက်တွေကြီးနေပြီ၊သမီးလေးကမိဘတွေပြုစုဖို့လိုက်သွားတာ၊ ရန်ကုန်ရောက်ပြီးလေးရက်လောက် နေတော့ အဖမ်းခံလိုက်ရတယ်၊သူတို့မိသားစုက တော်လှန်ရေးနဲ့လည်းဘာမှပက်သက်မှုမရှိဘူး၊ ဘာကြောင့် ဖမ်းဆီး သွား တယ်ဆိုတာလည်း မသိရဘူး”လို့ အဲ့ဒီမိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
မန္တလေး မြို့မှာ အလုပ်သွားလုပ်နေတဲ့ ကံမမြို့ဒေသခံ လူငယ်အမျိုးသားနှစ်ဦးဟာလည်း အခုလဆန်းပိုင်း ကပဲ မန္တလေးမှာ ဖမ်းဆီးခံလိုက်ရပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
အလားတူ ကျပန်းအလုပ်လုပ်ကိုင်တဲ့ အသက် (၂၇) နှစ်ဝန်းကျင် သရက်မြို့ဒေသခံ လင်မယားနှစ်ဦး ဟာ လည်း ပဲခူးမြို့မှာ အလုပ်သွားလုပ်ရင်းက အဖမ်းခံလိုက်ရပြီး ဘာကြောင့်ဖမ်းသွားတယ်၊လက်ရှိ ဘယ်မှ ာရှိနေတယ်ဆို တာတွေ မသိရဘူးဖြစ်နေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ သရက်မြို့ဒေသခံက DNA ကိုပြောပါတယ်။
“မိသားစုက မြို့တက်စုံစမ်းတော့လည်း သတင်းအစအနတောင်မရဘူး”လို့ သူက ဆိုပါတယ်။
မကွေးတိုင်း သရက်၊ကံမ၊မင်းတုန်း ဒေသတွေမှာ စစ်ကောင်စီက ဩဂုတ်လကတည်းက နယ်လှည့် စစ် ကြောင်း ထိုးနေပြီး လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် ဒေသခံအများအပြား နေ ရပ်စွန့်ခွာတိမ်းရှောင်နေကြရတာပါ။
အာဏာသိမ်းစစ်ကောင်စီဟာ ဖမ်းဆီးချုပ်နှောင်ခံရသူတွေကို ရက်ပေါင်း၊လပေါင်းများစွာကြာသည်အထိ အပြင် လောကနဲ့အဆက်အသွယ်ဖြတ်ထားပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေထဲက တချက်ဖြစ် တဲ့ အတင်းအဓမ္မပျောက်ဆုံးစေမှုကို ကျူးလွန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)ရဲ့ အစီရင်ခံစာတရပ်မှာဖော်ပြထားပါတယ်။