မင်္ဂလာဒုံမြို့နယ်၊ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Defence Power Force အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို စက်တင်ဘာ ၃၀ရက် ည၈နာရီဝန်းကျင်မှာ မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ Young Defence Force နဲ့ HMAWBI REVOLUTION FORCE (HRF) တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိ အခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့တယ်လို့ YDPF- MGDNရဲ့တာဝန်ခံ စကော်ပီယံက DNAကို ပြောပါတယ်။
“ပြည်သူတွေကိုမှာချင်တာ မှာရမယ်ဆိုရင်တော့ လူအများသွားလာတဲ့အချိန် ၆နာရီ ၇ နာရီဝန်းကျင်ပေါ့ဗျာ၊ ဧည့် စာရင်းတိုင်တာ ထောက်ခံစာယူတာ ဘာညာ လုပ်သင့်ပါတယ်၊အခုက လူဝင်လူထွက်ကြောင့် သုံး ခေါက်လောက် ပြန်ပတ်လိုက်ရတယ်၊အနောက်ကနေ လိုက်လာတဲ့ အရိုးကိုက် လေးကောင်ကိုလဲ နောက် တစ်ခါဆို အသီးကျွေး ခဲ့မှာ ဒီတစ်ခေါက်က အရံအလုံးပါမလာမိလို့ သက်သာသွားတယ်”လို့ သူကပြော ပါတယ်။
တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေ အတိအကျကိုမသိရပေမယ့် အရေးပေါ်လူနာတင်ကား တစ်စီးနဲ့ စစ် ကားနှစ်စီး ရောက်လာပြီး စစ်ဆေးတာတွေလုပ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။ မင်္ဂလာဒုံ ၊ဝါယာလက်စျေး အနီးနေ ဒေသခံတစ်ဦးကတော့ ဗုံးပေါက်ကွဲမှုကြောင့် ရေကြည်အိုင်ရပ်ကွက်အု ပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
“ဗုံးကိုတော့ တာဝေး သေချာချိန်ကိုက်ပြီး ပစ်လိုက်တာပဲ ရုံး ရဲ့main အပေါက်ထဲတည့်တည့်ပစ်ထည့်လို က်တာပါ၊ မီးကူးတဲ့အသံ ဖျောက်ကနဲ တစ်ချက်ကြားရပြီး ဗုံး,အ သွားတယ် ထင်လိုက်သေးတယ်၊ ဒါပေမယ့် ဗုံးက အသေ အချာထိထိမိမိ ပေါက်ကွဲခဲ့ပြီး မစ်ရှင်အောင်မြင်ခဲ့ပါတယ်ခင်ဗျာ”လို့ YDPF- MGDNရဲ့တာဝန် ခံ စကော်ပီယံ ကဆိုပါတယ်။