မတ္တရာက ဓားပြဂိုဏ်းကို ဝက်လက်PDF ဖမ်းဆီး၊အဓိကခေါင်းဆောင်လွတ်မြောက်နေသေးတယ်လို့ဆို

Photo- ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ရွှေဘိုခရိုင်တပ်ရင်း ၁၈
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ အင်အား (၁၅)ဦးပါနာမည်ကြီးဓားပြဂိုဏ်းတခုကို ဖမ်းမိခဲ့ပြီး အဓိကခေါင်းဆောင်ဖြစ်သူကတော့လွတ်မြောက်နေသေး တယ် လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၁၈) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
“အခုမိတာက ဒုခေါင်းဆောင်အဆင့်လောက်ပါ”လို့ သူကပြောပါတယ်။ဖမ်းမိထားတဲ့ ဓားပြအဖွဲ့နဲ့ ပတ် သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း ဆက် လုပ်သွားမယ်လို့ ရွှေဘိုခရိုင် တပ်ရင်း(၁၈)တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းမိခဲ့တဲ့ ဓားပြဂိုဏ်းဟာ မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးတလျှောက်မှာ ဓားပြမှုပေါင်းများစွာကျူး လွန် နေ တဲ့ အဖွဲ့ဖြစ်ပြီး စက်တင်ဘာ (၂၃)ရက်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း(၁၈)က ထုတ်ပြန် ထားပါတယ်။
အဲ့ဒီဓားပြအဖွဲ့အခြေပြုတဲ့ မတ္တရာမြို့နယ် စိန်ပန်းကုန်းကျေးရွာကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးမှု အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ဓားပြအဖွဲ့ဝင်တွေဟာ စိန်ပန်းကုန်းကျေး ရွာဒေသခံတွေဖြစ်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း(၁၈) တာဝန်ရှိသူကပြောပါတယ်။
လက်ရှိဖမ်းမိထားတဲ့ ဓားပြအဖွဲ့ဝင်တွေက ပျူစောထီးလို အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုမရှိပေမယ့် လွတ် မြောက် နေသေးတဲ့ အဲ့ဒီဓားပြအဖွဲ့ခေါင်းဆောင်ကတော့ ပျူစောထီးအဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့လည်း သူကပြောပါ တယ်။
ဓားပြအဖွဲ့ အခြေပြုတယ်ဆိုတဲ့ စိန်ပန်းကုန်းကျေးရွာဟာ မတ္တရာမြို့နယ် သဲကျွန်းကျေးရွာအုပ်ထဲမှာရှိပြီး လူဦးရေ နှစ်ထောင်ကျော်လောက် နေထိုင်ကြတဲ့ရွာဖြစ်ပါတယ်။ အများစုက ရေလုပ်ငန်းနဲ့ အသက်မွေး ကြကာ ဧရာဝတီလင်းပိုင် ထိန်းသိမ်း ရေးဧရိယာထဲက ရွာတရွာလည်းဖြစ်ပါတယ်။