မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကိုစက်တင်ဘာ (၂၆)ရက် မနေ့က မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင် စီဘက်က သုံးဆယ်ကျော် နေရာမှာတင်သေဆုံးခကာ (၁၇)ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းတော် လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန် ပါတယ်။
အင်အား(၇၀)ဝန်းကျင်နဲ ခြေလျင် ချီတက်လာတဲ့ စစ်ကြောင်းကို မိုင်းကွင်းပေါ်တည့်တည့်ရောက်ချိန်မှာ ပဒေ သာမိုင်း ရှစ်လုံးတွဲနဲ့တကြိမ်၊ခြောက်လုံးတွဲနဲ့တကြိမ် စုစုပေါင်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင် စီဘက်က သေနတ်တချက်မဖောက်နိုင်ဘဲ သေဆုံးသူ(၃၄)ဦးနဲ့ ထိခိုက်သူ(၁၇)ဦးရှိတဲ့အထိ များပြားခဲ့ တာဖြစ် တယ်လို့ ဗိုလ်လင်း ယုန်တပ်ဖွဲ့က ဆိုပါတယ်။
စစ်တပ်က သပိတ်ကျင်းမြို့နယ်အတွင်းကို စုစုပေါင်း အင်အား (၂၅၀)ဝန်းကျင်၊စစ်ကြောင်းသုံးကြောင်းနဲ့ စစ် ကြောင်းထိုးဖို့ ပြင်ဆင်လာတာဖြစ်ပြီး မိုင်းခွဲခံရတဲ့စစ်ကြောင်းမှာပါဝင်သူ အားလုံးနီးပါးထိခိုက်ခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
အဲ့ဒီလို စစ်ကြောင်းထိုးလာမယ်ဆိုတဲ့အကြောင်းသတင်းကြိုရထားတဲ့အတွက် ကြိုတင်ပြင်ဆင်တိုက် ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာစစ်တပ်က ကားသုံးစီးလောက်နဲ့ အင်အားထပ်ဖြည့်ထားတယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
အခုလိုတိုက်ခိုက်တာဟာ လက်ယက်ကုန်းဖြစ်စဉ်အတွက် လက်တုန့်ပြန်မှုဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို နာရေးကားလေးစီးနဲ့ ကျောက် ကြီးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့ကဆိုပါတယ်။
တိုက်ခိုက်မှုလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကတော့ မိုင်းခွဲပြီးအပြန်မှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပေမယ့် အထိခိုက် အကျဆုံးမရှိဘူးလို့ သိရပါတယ်။