ရွှေပြည်သာက (၂၀)ရပ်ကွက်ရုံး လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိနိုင်

Photo – Google
ရွှေပြည်သာမြို့နယ် (၂၀) ရပ်ကွက်ရုံးကို စက်တင်ဘာ (၂၆)ရက်ညပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတွေရှိနိုင်တယ်လို့ YGN Urban Guerrilla Army အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သတင်းထုတ်ပြန်ပါတယ်။
“အုပ်ချုပ်ရေးမှူးရုံးတွေဟာ စစ်ကောင်စီ ယန္တရားကို အဓိက လည်ပတ်မောင်းနှင်နေတာဖြစ်လို့ စစ်ရေးအရ အရေးယူတိုက်ခိုက်ရခြင်းဖြစ်တယ်၊ကျွန်တော်တို့ကလူကိုတိုက်နေတာမဟုတ်ဘူး ယန္တရားကိုဖြိုဖျက်နေတာမို့လို့ စစ်တပ်ရဲ့အခြေခံ Infarstructures အားလုံးကိုတိုက်ခိုက်မှာလို့” Y.U.G.A သတင်းပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနိုင်ပြီး အသေးစိတ် စုံစမ်းနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။ တိုက် ခိုက်မှုလုပ်ခဲ့တဲ့အဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်အတွင်း ဖမ်းစီးစစ်ဆေးတာ တွေလုပ် ခဲ့ပြီး သေနတ်ပြစ်ဖောက်သံတွေလည်း ကြားရတယ်လို့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရပ်ကွက်ရုံးအနီးနေ ထိုင်သူတစ်ဦး ကပြောပါတယ်။