ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပေါက်ခေါင်းမြို့ လဝကရုံးနဲ့ စည်ပင်ရုံးတွေကို စက်တင်ဘာ (၂၅)ရက် ညပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Paukkaung Liberation Force က ထုတ်ပြန်ပါတယ်။
“အခုစစ်ဆင်ရေးကပေါက်ခေါင်းမြို့နယ်ထဲမှာဆိုရင် ဒုတိယစစ်ဆင်ရေးလို့ပြောလို့ရပါတယ်၊ကျွန်တော်တို့တွေ ပထမအကြိမ် အနေနဲ့ အရိပ်မဲ့စစ်ဆင်ရေးဆိုပြီး ရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်”လို့ Paukkaung Liberation Force ပြန်ကြားရေးတာဝန်ခံကDNA ကိုပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အချိန်ဟာ ရုံးဆင်းချိန်ဖြစ်လို့ ထိခိုက်သေဆုံးမှုမရှိဘဲ ရုံးဝန်းအတွင်းက ပစ္စည်းတချို့တော့ ထိ ခိုက်ပျက်စီးခဲ့တယ်လို့ ပေါက်ခေါင်းဒေသခံတဦးကပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ ပေါက်ခေါင်းလွတ်မြောက်ရေး အင်အားစု(Paukkaung Liberation Force)အနေနဲ့ မြို့ပြ စစ်ဆင်ရေးကိုအကောင်အထည်ဖော်တော့မှာြဖစ်တဲ့အကြောင်း အသိပေးတဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီ ဒေါက်တိုင်ဖြစ်တဲ့ ရုံး၊နေရာ၊လူပုဂ္ဂိုလ်မှန်သမျှကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း ဆို ပါတယ်။