ဝက်လက်မြို့ ရွာသာကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာ (၂၅)ရက် နေ့လယ်နှစ်နာရီမှာ နယ်မြေခံပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့တွေပူး ပေါင်းပြီး ဒရုန်းနဲ့ သုံးကြိမ်တိုက်ခိုက် ခဲ့တယ်လို့ Adventure- A.S.D ကသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာသာကြီးကျေးရွာကို စက်တင်ဘာ( ၂၅)ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်း ထိုး ဝင်ရောက်လာပြီး အိမ်တွေကိုမီးရှို့တာ၊လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ DNA ကိုပြောပါတယ်။
ဒါ့အပြင် ရွာခံပြည်သူ (၇၀)ဝန်းကျင်ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားပြီး သုံးဦးကို သတ်ဖြတ်ခဲ့လို့ အခုလို တိုက်ခိုက် တာဖြစ် တယ်လို့ Adventureအဖွဲ့က ပြောပါတယ်။ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သုံးဦးသေပြီး ငါးဦး ဒဏ်ရာရကြောင်း သိရတယ်လို့Adventure အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဝက်လက်မြို့နယ် ရွာသာကြီးရွာဟာ အိမ်ခြေတထောင်လောက်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး စစ်ကောင်စီက စစ် ကြောင်းထိုးလာတာကြောင့် လက်ရှိမှာ ရွာခံပြည်သူ လေးထောင်လောက်တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ် နေတယ်လို့သိရပါတယ်။