မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ၊ကာလဝါရီတောင်ပေါ်တိုက်ပွဲမှာ စစ်တပ်က အထိနာခဲ့ပြီး လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ် ရေး တပ်(MBPDF) ကသ တင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြားတိုက်ပွဲဟာ ဒီကနေ့ စက်တင်ဘာ၂၄ ရက် မနက် ၁၁နာရီခွဲကနေ ညနေ ၅နာရီခွဲအထိ တစ်နေကုန်နီးပါးဖြစ်ပွားနေခဲ့တာလို့လည်း မိုးဗြဲပြည်သူ့ကာ ကွယ်ရေး တပ် (MBPDF)က သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း သေးစားထိခိုက်ဒဏ်ရာရသူ ငါးဦးရှိခဲ့တယ်လို့သိရပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်တွေအနေနဲ့ စစ်ကောင်စီရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကို ဆက်လက်တောင့်ခံနေဆဲ ဖြစ်ပြီး စစ်ရေးအခြေအနေဟာလည်း ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မြေပြင်အခြေအနေတွေနဲ့ပတ်သက်ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)အဖွဲ့ကို DNAက ဆက်သွယ်နေ ပေမယ့် လက်ရှိမှာတော့ အဆက်အသွယ်မရရှိသေးပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီ(ကယား) ပြည်နယ်အစပ် မိုးဗြဲမြို့မှာ လတ်တလောနေ့စဉ် တိုက်ပွဲပြင်း ထန် နေသလို ဒီးမော့ဆို၊ဖရူဆို၊လွိုင်ကော်စတဲ့ ကရင်နီဒေသတွေမှာလည်း နေ့စဉ်တိုက်ပွဲတွေရှိနေပါတယ်။
စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေဟာ ဒီးမော့ဆို ခေါက်ပလော့ကျေးရွာအနီးမှာ ဒီကနေ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်တွေဘက်က နှစ်ဦးကျဆုံးတယ်လို့ ဒေသတွင်းတော်လှန်ရေး လူမှုကွန်ရက် စာမျက်နှာတွေက ဖော်ပြကြပါတယ်။
ဒေသတွင်းတော်လှန်ရေးသတင်းတွေ ဖော်ပြနေတဲ့ Karenni’s Voice ကတော့ အခုလအတွင်း ဒီကနေ့ အထိ ကရင်နီပြည်က တိုက်ပွဲတွေမှာကျဆုံးတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၁၃)ဦးအထိ ရှိလာတယ်လို့ ဖော်ပြထား ပါတယ်။
ဖရူဆိုမြို့မှာလည်း စက်တင်ဘာ (၂၃)ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ကဒီနေ့ ထုတ်ပြန်ပါတယ်။ ပြည်သူပိုင်နွားတွေကို ခိုးယူသတ်ဖြတ်ယူဆောင်လာတဲ့ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင်တွေကို KNDF တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
အဲ့ဒီလိုတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး သတ်ဖြတ် ယူ ဆောင်လာတဲ့ နွားတွေအပြင် ဆိုင်ကယ်နှစ်စီးကိုလည်း ထားခဲ့ရတယ်လို့ KNDF ကဆိုပါတယ်။