ဒီနေ့စက်တင်ဘာလ ၂၁ ရက်နေ့ရန်ကုန်မြို့ ကန်တော်ကြီးမှာ Yangon Revolution Force – YRF (Soft Strike Community) မှလူငယ်တွေစုပေါင်းပြီး “အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး” စာသားချိတ်ဆွဲပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် လူငယ်တွေက ရန်ကုန်မြို့ အတွင်းမင်းအောင်လှိုင် ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်မှ နည်းလမ်းမျိုးစုံနဲ့ နေ့စဉ် အကြမ်းဖက်မှုများကျူးလွန်နေတာကြောင် “ မြန်မာပြည်မှာမူ မငြိမ်းချမ်းနေကြောင်း “ နိုင်ငံအရပ်ရပ်ကို သိစေလိုခြင်းဖြစ်ပြီး “ မြန်မာပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ငြိမ်းချမ်းမှု စစ်စစ်ရယူရန်အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်မှရမည် “ ဖြစ်ကြောင်း အသိပေးစကားဆိုခြင်းဖြစ်ကြောင်း YRF ကဆိုပါတယ်။
တော်လှန်လူငယ်တွေအနေနဲ့ အာဏာရှင်ကို အသွေးအသားထဲမှ ရွံမုန်းသလောက် နေ့စဉ်ရက်ဆက် တိုက်ပွဲဝင်တော်လှန်နေကြပြီးလူထုတစ်ရပ်လုံးအနေနဲ့လည်း “ အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ၊ ဘယ်တော့မှ မငြိမ်းချမ်းဘူး “ ဆိုတဲ့စကားလုံးကို သတိချပ်ပြီး ဖက်ဆစ်အာဏာရှင်စနစ်ကို အဆုံးထိ တော်လှန်တိုက်ထုတ်ကြဖို့ အန္တရာယ်တွေ ကြားက သတိပေးအပ်လိုက်ကြောင်း YRF က ထုတ်ပြန်ထား ပါတယ်။