လက်နက်ခဲယမ်းအင်အားနည်းနေလို့ ကူညီပေးကြဖို့ CDF မတူပီတပ်ရင်း(၁) တောင်းဆို

photo -CDF မတူပီတပ်ရင်း(၁)
လက်နက်ခဲယမ်း အင်အားနည်းပါးလို့ လက်ရှိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ အခက်ကြုံရတဲ့အပြင် မိုးအကုန် ဆောင်းကာလမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်လာဖို့အလားအလာရှိနေလို့ ပြည်သူတွေကူညီပေးကြဖို့ တောင်း ဆိုတယ်လို့CDF မတူပီ တပ်ရင်း(၁) စစ်ရေးအရာရှိက DNAကိုပြောပါတယ်။
“ရရာလက်နက်နဲ့တိုက်ခိုက်နေရတာဆိုတော့ ကျဆုံးရဲဘော်၊ဒုက္ခိတဖြစ်ရတဲ့ရဲဘော်တွေလည်းရှိ နေပါတယ်၊ ကျွန်တော် တို့ဘက်က ထိုးစစ်ဆင်ဖို့အတွက် တကယ်ကိုပိုခက်ခဲပါတယ်”လို့ သူကပြောပါတယ်။
လက်ရှိမှာ CDF မတူပီ တပ်ရင်း(၁) အနေနဲ့ ဒေသတွင်းအရေးပါတဲ့ လမ်းပိုင်းတခုကို လုံခြုံရေးတာဝန်ယူ ထား ရပေမယ့် လက်နက်ခဲယမ်း အားနည်းတာအပြင် စက်သုံးဆီနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေလည်း ရှိနေတယ် လို့ဆိုပါတယ်။
“ဆောင်းတွင်းတိုက်ပွဲများမစခင်မှာ ကျွန်တော်တို့နဲ့နီးစပ်ရာလေးပဲမဟုတ်ဘဲ မြန်မာပြည်သူပြည်သားများ အား လုံး ၀ိုင်း၀န်းကူညီထောက်ပံ့ပေးရန် အနူးအညွတ်အကူညီတောင်းလိုပါတယ်”လို့ CDF မတူပီ စစ်ရေးတာဝန်ခံက ပြောပါ တယ်။
လက်ရှိ CDF မတူပီ တပ်ရင်း(၁) တပ်ဖွဲ့ဝင်အများစု တူမီးသေနတ်ကိုသာ ကိုင်ဆောင်နေရတာဖြစ်ပြီး စစ်ရေး အခြေအ နေအရ တိုက်ပွဲတွေအချိန်မရွေးဖြစ်နိုင်တဲ့ အခြေအနေရှိလို့ အသင့်အနေအထားနဲ့ အချိန်ပြည့် သတိထားနေရတာ ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်နေတာမရှိသေးပေမယ့် မိုးနည်းပြီး ရာသီဥတုကောင်းလာတာနဲ့အမျှ စစ်ကောင်စီဘက်က တိုက် လေယာဉ်တွေနဲ့ ကင်းထောက်ပျံသန်းတာတွေ ခပ်စိတ်စိတ်ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်အထိ တပ်ရင်းအတွက် လိုအပ်ချက်တွေကို နီးစပ်သူတွေရဲ့အကူအညီနဲ့ ဖြည်းဆည်းနေရပြီး ကူညီလို သူတွေအနေနဲ့ signal နံပါတ် +959793114393 ကိုဆက်သွယ်နိုင်တယ်လို့ CDF မတူပီ စစ်ရေးတာဝန်ခံ ကပြော ပါတယ်။