တရားမျှတမူအတွက် ရပ်တည်ပေးဖို့ ကုလသမဂ္ဂကိုကလေးမြို့ခံတွေ တိုက်တွန်း

Photo- CJ
ကုလသမဂ္ဂအနေနဲ့ မြန်မာ​ပြည်သူတွေရဲ့တရားမျှတမှုအတွက် ရပ်တည်ပေးဖို့ ကလေးမြို့ပင်ပသပိတ်စစ်ကြောင်းက ဒီကနေ့ မနက်ပိုင်းကဆန္ဒပြရာမှာတိုက်တွန်းတောင်းဆိုခဲ့​ပါတယ်။
ကလေးသူငယ်တွေ၊ကလေးမိခင်တွေနဲ့ ​ဒေသခံပြည်သူတွေပူးပေါင်းပါဝင်ခဲ့တဲ့ အဲ့ဒီဆန္ဒ​ပြ
ပွဲမThis is some textှာ” UN, Prove Your existence For Justice” စာတန်းကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
“စကစ ဘက်က ကလေး လူကြီးမရွေးဘူး ပြည်သူကိုရန်သူလိုသဘောထားတိုက်ခိုက်နေတာကို ဒီပဲယင်းအဖြစ်ကိုကြည်ပြီးသိနိုင်သလို ပြည်သူတွေအနေနဲ့ကလေးလူကြီးမိန်းကလေးပါ စကစကိုတော်လှန်နေတာပါ”လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်းပျက်ရက်မရှိ သပိတ်မှောက် ဆန္ဒပြလာတာရက်ပေါင်း(၅၉၂)ရက်ရှိပြီဖြစ်ပါတယ်။