ရန်ကုန်မြို့၊ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်းမှာ ကင်းလှည့်နေတဲ့ စစ်ကားနှစ်စီးကို ဒီကနေ့မနက်(၁၀) နာရီ ဝန်းကျင်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Federal Army (YFA) က တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
“အရာရှိကားကအရှေ့က လွတ်သွားပေမယ့် အနောက်က DC ကတော့ ပစ်ကွင်းထဲရောက်ပီး ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ် ” လို့ Yangon Federal Army (YFA)တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို YFA နဲ့အတူ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ URNWတို့က ပြုလုပ်ခဲ့ တာဖြစ်ပြီး ပဒေသာမိုင်းနဲ့ လက်ပစ်ဗုံး ပူးတွဲအသုံးပြုတိုက်ခိုက်တာဖြစ်လို့စစ်ကောင်စီဘက်က အနည်းဆုံး ငါးဦးထိခိုက်သေဆုံးနိုင်ပြီး ကားပျက်စီးမှုလည်း ရှိတယ်လို့ Yangon Federal Armyက ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ် ။ ဗုံးပစ်သွင်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မှာစစ်ကောင်စီတပ်တွေက ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းကလည်း ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ခရမ်းPDFအဖွဲ့က ၄၀ မမ ဗုံးသီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ DNAသတင်းဌာန အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
Delta News Agency Telegram Link – https://t.me/deltanewsagencymedia
Delta News Agency YouTube Link – https://youtube.com/c/DeltaNewsAgency
Delta News Agency Website Link – https://deltanewsagency.com/