ကလေးမြို့က လူထုထောက်ခံပွဲ

Photo – CJ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းပြသတဲ့ လူထုထောက်ခံပွဲ တခု စက်တင်ဘာ (၂၀) ရက်ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံတကာ သံတမန်ရေးရာစာမျက်နှာမှာ လူထုနဲ့အတူရပ်တည်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လူထု တစ်ရပ်လုံးကထောက်ခံနေကြောင်း ပြသတဲ့အနေနဲ့ လူထုထောက်ခံပွဲလုပ်တာလို့ မြို့ခံတွေကဆိုပါတယ်။

“တော်လှန်ရေးမှာကျရာတာဝန်ကိုထမ်းဆောင်နေတယ်၊ဆက်ပြီးတော့လည်း ထမ်းဆောင်သွားမယ်” လို့ သ ပိတ်မှာ ပါဝင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီလူထုထောက်ခံပွဲကို ကလေးမြို့နယ်ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူတွေပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

ထောက်ခံပွဲမှာအမျိုးသမီးတွေအနေနဲ့လဲတော်လှန်ရေးမှာအမျိုးသားတွေနဲ့တန်းတူပါဝင်နေတယ်ဆိုတဲ့အကြောင်း ဟောပြောမူတွေပြုလုပ်ခဲ့တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။