စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ကလေးသူငယ်တွေရဲ့ ပညာရေးအခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်တာဖြစ်တယ်လို့ ပြည်သူ့ပညာရေးကျောင်း (၇၀)နီးပါးက ထုတ်ပြန်ဝေဖန်ပါတယ်။
ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာမှာ ကျောင်းဖွင့်ချိန်မှာပဲ စာသင်ကျောင်းကို ဝေဟင်၊မြေပြင် ပစ်ခတ် တိုက်ခိုက်စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး အွန်လိုင်းနဲ့မြေပြင်မှာ ဖွင့်လှစ်သင်ကြားနေတဲ့ ပြည်သူ့ပညာရေး ကျောင်း (၆၇)ကျောင်းက ဒီကနေ့ ထုတ်ပြန်ဝေဖန်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို စာသင်ကျောင်းကို စစ်ဆင်ရေးတရပ်အနေနဲ့ သဘောထားပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဟာ စစ်ရာဇဝတ်မှုကျူးလွန်းတာဖြစ်ပြီး အဲ့ဒီလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ် ချတယ် လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလို စစ်ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ စစ်ကောင်စီအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတ ကာ အသိုင်းအဝိုင်းအနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးကြဖို့လည်း ပြည်သူ့ပညာရေးကျောင်းတွေက တိုက်တွန်းထား ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး DNA ကဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ထုတ်ပြန်ချက်မှာပါဝင်တဲ့ ပြည်သူ့ပညာရေးကျောင်းတာဝန်ရှိသူတွေနဲ့ အဆက်အသွယ်မရသေးပါဘူး။
ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီက စက်တင်ဘာ (၁၆)ရက်မှာ ပစ်ခတ်တိုက်ခိုက်စီးနင်း ခဲ့ လို့ ကျေးရွာက စာသင်ကျောင်းကို လေကြောင်းကပစ်တဲ့ ကျည်အမြောက်အမြားထိမှန်ပြီး စာသင်နေတဲ့ ကလေး တွေအပါအဝင် ကလေး (၇)ဦးထက် မနည်းသေဆုံးသလို ဒေသခံတွေလည်း သေဆုံးထိခိုက်ခဲ့ ကြပါတယ်။
ဒါ့အပြင် စစ်တပ်က စီးနင်းတိုက်ခိုက်မှုပြီးချိန်မှာ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမ စုစုပေါင်း (၂၀)ဦး လောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်ချိန်မှာ တိုက်ပွဲဖြစ်နေတာမရှိဘူးလို့ ဒေသခံတွေက ပြောပေမယ့် စစ်ကောင်စီကတော့ KIA နဲ့ PDF တွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုလို့ သေဆုံးထိခိုက်မှုတွေရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။
No.15/Photo ဒီပဲယင်းစစ်ရှောင်ထောက်ပံရေးအဖွဲ့
ပုံစာ-ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့စာသင်ကျောင်း