စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် မိဿလင်းကုန်းကျေးရွာက အသက် ၅ နှစ်အရွယ် မောင်အောင်မြင့်မြတ်ဟာ စက်တင်ဘာ ၁၇ ရက်နေ့ကသေနတ်ကျည် ရင်ဘက်ကိုကျဉ်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကဒီနေ့ထုတ်ပြန်ပါတယ်။
“ချပ်ကုန်းရွာထဲ နေရာယူထားသော စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိဿလင်ကုန်းကျေးရွာက အသက်(၅)နှစ် ကလေး ရင်အုံကို ထိမှန်ပြီး သေဆုံးသွားတယ်။ လက်နက်ငယ် ထိတာ။”လို့ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မဿလင်းကုန်းရွာထဲကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
စက်တင်ဘာ ၁၅ ရက်ကလည်းစစ်အုပ်စု ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် မိဿလင်ကုန်းကျေးရွာက အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဟိန်း အပါအဝင် အရပ်သားနှစ်ဦး သေနက်ကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်။
ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်ဟာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၁၃တပ်ရင်းက ဖြစ်ပြီး အင်းအား ၈၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။