ပုသိမ်မြို့ ရဲဝန်ထမ်းအိမ်ယာအနီး ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ်၅ ရပ်ကွက် ရှိ ရဲဝန်ထမ်း မိသားစုတွေ နေတဲ့ နယူးလိုင်း ရဲဝန်ထမ်းများ အိမ်ယာ ရှေ့မှာ ဒီနေ့ည ၈နာရီ ကျော် ခန့် က ဗုံးပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။
ဖက်တန်းလမ်း အမှတ် ၅ ရပ်ကွက်ရုံး နဲ့ ဓါးလွယ်ခုတ် လမ်းတစ်ဖက်တစ်ချက်က အိမ်ထောင်သည်လိုင်း အခန်း အမှတ် ၁၅ နဲ့ ၂၅ ရှေ့ အကြားမှာ ပေါက်ကွဲတာလို့ ရပ်ကွက်အတွင်း နေထိုင်သူတွေက ပြောပါတယ်။
“အုန်း ကနဲ အသံက အတော်ကျယ်တယ်။ အိမ်တောင် တုန်သွားတယ် ။ ဒါပေမယ့် လူထိ
ခိုက် လိုင်းခန်း ပျက်စီးတာ မတွေ့ ဘူး” လို့ ဆိုပါတယ်။
ပေါက်ကွဲသံကို ပေါက်ကွဲတဲ့ နေရာနဲ့ မီတာ ၁၀၀၀ လောက်ကွာဝေးတဲ့ တက်ဆိပ်ကုန်း ပုသိမ်ဘူတာလမ်း နဲ့ ထောင်ကုန်းလမ်းအတွင်း ရှိနေသူတွေလည်း ကြားရတယ်လို့သိရပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီး ခဏအကြာမှာ စစ်တပ်နဲ့ ရဲတွေရောက်လာပြီး ပိတ်ဆို့ ရှာဖွေတာတွေ
လုပ်ခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာကနေ အသံဗုံးလို့ ယူဆရတဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူအချို့က ပြောပါတယ် ။
ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေး အင်အားစုတွေဘက်က သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။