
ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူတွေဟာ ပြည်သူ့အစိုးရ NUG နဲ့သံအမတ်ကြီး ဦးကျော်မိုး ထွန်းကို ထောက်ခံပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စက်တင်ဘာ(၁၇) ရက် မနက်ပိုင်းမှာ အင်အားအများ အ ပြားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲတက်ရောက်လာတဲ့ပြည်သူတွေကို ” ပြည်သူ့ကာကွယ်ရေးတပ်မတော် – ကလေး”တပ်ဖွဲ့ဝင် ရဲဘော်တွေက ဝန်းရံပြီး လုံခြုံရေးယူပေးခဲ့ကြတယ်လို့သိရပါတယ်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာအခုရက်ပိုင်းအတွင်း NUGနဲ့သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ ကြောင်းဆက်တိုက်ချီတက်ဆန္ဒပြနေတာဖြစ်ပြီး ဒေသခံပြည်သူတွေကလည်း တက်တက်ကြွ ကြွပူးပေါင်း ပါဝင် နေကြတယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို ပျက်ရက်မရှိ ဆန့်ကျင်သပိတ်မှောက်လာတာ (၅၈၈) ရက်အထိရှိလာပါပြီ။