ဒီပဲယင်းမှာ ရဟတ်ယာဉ်လေးစီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ရေဦးခရိုင်၊ဒီပဲယင်းမြို့နယ်အတွင်းက မူးခံတွင်းရွာနဲ့လက်ယက်ကုန်းရွာတွေကို စစ်တပ်တွေက ရ ဟတ်ယာဥ်တွေနဲ့အကြောင်းမဲ့ပစ်ခတ်လို့(၁၁)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံး တယ်လို့ ဒီပဲယင်း PDF ကဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီရွာတွေမှာ လတ်တလောတိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်တပ်ကတိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့အကြောင်း မဲ့ ပစ်ခတ်တိုက်ခိုက်တာြဖစ်ပြီး (၁၁) နှစ်အရွယ် ကလေးငယ်ဟာ ဦးခေါင့်ပွင့်ဒဏ်ရာအပြင် ကျည်ဒဏ်ရာပရပွနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် လက်ရှိ မြေပြင်အတည်ပြုချက်တွေအရ သေဆုံးသူခြောက်ဦးထဲမှာ ကျောင်းသား လေးဦး လည်းပါဝင်တယ်လို့ ဒီပဲရင်း PDF ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“တိုက်ပွဲမရှိပါဘူး၊ရုတ်တရက်ဝင်ရောက်လာပီး ပစ်တာပါ၊အဲ့ဒါမို့ ပြည်သူတွေ ချက်ချင်း အသက်လုပြေးနေကြရ တာပါ”လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကတော့ ရဟတ်ယာဉ်တွေနဲ့ စီးနင်းတိုက်ခိုက်ခံရချိန်ဟာ စာသင်နေ တဲ့အချိန်ဖြစ်လို့ ကျောင်းသားလေးဦးသေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေ လည်း ရှိတယ်လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မူးခံတွင်းရွာနဲ့လက်ယက်ကုန်းကျေးရွာအနီးမှာ ဒီနေ့ နေ့လယ်ပိုင်းက အင်အား ရှစ်ဆယ်ကျော်လောက်ရှိတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေကို MI- 35အမျိုးအစားရဟတ်ယာဉ်နဲ့လာချပေးခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် လေးစီး က နှစ်နာရီလောက်ကြာအောင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာ ရဟတ်ယာဉ်နဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ လက်ယက်ကုန်းကျေးရွာအတွင်း စီးနင်းတပ်စွဲ ထားပြီး ရွာထဲပိတ်မိနေတဲ့ ကျောင်းသား၊ကျောင်းသူတွေအပါအဝင်ပြည်သူ နှစ်ရာ ဝန်းကျင်ကို ဖမ်းဆီးထား တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်ယက်ကုန်းကျေးရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ် လို့လည်း မြေပြင်သတင်းတွေအရ သိရတယ်လို့ ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရုတ်တရက် အင်အားအလုံးအရင်းနဲ့ ရောက်လာတာဟာ ဒေသတွင်း ကျေးရွာ တွေကို စစ်ကြောင်းထိုးဖို့ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။လက်ရှိမှာ ရုတ်တရက်တိုက်ခိုက်ခံရ တာကြောင့် ဒေသခံထောင်ချီဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က ဆိုပါတယ်။
(စစ်တပ်ကပစ်ခတ်တိုက်ခိုက်လို့ တိမ်းရှောင်လာရတဲ့ ဒေသခံများ)