စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊လှတောကျေးရွာရဲစခန်းကို စက်တင်ဘာ (၁၂)ရက်ညပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးတယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
“ကျွန်တော်တို့က သူတို့စခန်းကိုလေ့လာပြီးမှ တိုက်ခိုက်တာပါ၊ ထိမှန်တဲ့အဆောက်အဦးကတော့မီးပါ လောင်သွားတယ်၊ သူတို့ညတွင်းချင်းငြိမ်းကြတယ်” လို့ သူကကပြောပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို Chindwin Attack Force တပ်ရင်း (၃) ၊ တပ်ခွဲ (၃) ဂဠုန်နက် PDFနဲ့ မဟာ မိတ်တပ် ပေါင်းစုအဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ညကိုးနာရီကနေ ညသန်းခေါင်အထိသုံးနာရီ ဝန်းကျင် ပစ်ခတ် တိုက်ခိုက်ခဲ့ တယ်လို့ဆိုပါတယ်။
ပစ်ခတ်မူအပြီး ရရှိတဲ့သတင်းအချက်အလက်တွေအရ လှတောရဲစခန်းက စစ်ကောင်စီတပ်သားငါးဦ းထက်မနည်း သေဆုံးတယ်လို့ Chindwin Attack Force က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးး အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းထုတ်ပြန်ဖို့ နောက်ကျနေတာ ဖြစ်တယ် လို့ဆိုပါတယ်။