
Photo -TYF
မကွေးတိုင်း ဆောမြို့နယ်မှာ ပြည်သူအစိုးရ NUG ကိုထောက်ခံကြောင်းနဲ့ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုး ထွန်းကို UN မှာ သံအမတ်အဖြစ် ဆက်လက် ခန့်ထားဖို့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။
“ကုလသမဂ္ဂက ကျွန်တော်တို့ရဲ့ ပြည်သူ့အသံတွေ၊ ဆန္ဒတွေကိုသိဖို့ UN မှာ ဦးကျော်မိုးထွန်းဆက်ရှိနေဖို့က အရေး ကြီးတယ်၊အကြမ်းဖက်စစ်ကောင်စီကိုယ်စားပြု ကိုယ်စားလှယ်ရှိနေမှာမျိုးကို ကျွန်တော်တို့လုံး ဝမ လိုလားဘူး၊ ဒါ ကြောင့် ပြည်သူတွေရဲ့ ဆန္ဒကို ကျနော်တို့က ဦးဆောင်ဖော်ထုတ်ပေးတာဖြစ်တယ်”လို့ အဲ့ဒီ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်တဲ့ The Youth Force တာဝန်ခံ ကိုဇင်ကိုဝင်းကပြောပါတယ်။
အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကို မြို့ခံပြည်သူ ထောင့်ငါးရာဝန်းကျင်လောက်ပူးပေါင်းပါဝင်ခဲ့ပြီး ဆောမြို့နယ် ပ.က.ဖ အဖွဲဝင်တွေနဲ့ The Youth Force(Saw&Kyaukhtu) အဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကို ဂန့်ဂေါဒေသက NLD ပါတီဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လည်း မိန်းခွန့်ပေးပို့ခဲ့တယ်လို့သိရပါတယ်။
The Youth Force အဖွဲ့ဟာ စက်တင်ဘာလအတွင်းမှာ ပြည်သူပေါင်းထောင်ချီပါဝင်တဲ့ အာဏာရှင် ဆန့် ကျင်ရေး၊ NUG နဲ့သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒထုတ်ဖော်ပွဲတွေကို ဦးဆောင်ကျင်း ပခဲ့သလို ဆော- ကျောက်ထု ကားလမ်းမကြီးပေါ်မှာလည်း Accept NUG and Our Ambassador, Reject Dictator စာတန်းရေးသားပြီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။