လုံခြုံရေးတင်းကျပ်နေတဲဲဲ့ကြားက မပျက်ကွက် ခဲ့တဲ့ ကလေးမြို့ပင်မသပိတ်p

Photo- CJ

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့ နယ်ပြည်သူတွေဟာ လုံခြုံရေးတင်းကျပ်နေ တဲ့ကြားကစစ်အာဏာရှင်ဆန့်ကျင်သပိတ်ကိုဒီကနေ့ ညနေပိုင်းမှာ မပျက်မကွက်ပြု လုပ်ခဲ့ကြပါ တယ်။

ကလေးမြို့ပေါ်မှာ ခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး မြို့အနှံ့မှာ သွားလာနေသူတွေကိုဖုန်းတွေကအစစစ်ဆေးတာ၊ မြို့နယ်ထဲကကျေးရွာတချို့ကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့ကြားက သပိတ်စစ်ကြောင်းကတော့မပျက်မကွက် ရှိနေခဲ့တာပါ။

“စိတ်ဓာတ်ကျတာမျိုး၊သွေးအေးတာမျိုးလုံးဝမရှိဘူး ၊အများကြီးတိုက်တွန်းနေစရာမလိုဘူး၊ ပိုအား ကောင်းလာတာ၊ ပိုရဲရင့်လာတာပဲရှိတယ်” လို့သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

သပိတ်မှာပါဝင်သူတွေကနိုင်ငံတကာ သံတမန်ရေးရာစာမျက်နှာမှာလူထုနဲ့အတူရပ်တည်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုထောက်ခံ ကြောင်းပြသခဲ့ကြပြီး” Accept NUG & Our ambassador, Reject Dictator “စာတန်းတွေကိုင် ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ် ကိုပျက်ရက်မရှိသပိတ်မှောက်လာတာ(၅၈၄)ရက်အထိရှိခဲ့ပြီဖြစ်ပါတယ်။