မုံရွာကစစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မအူရွာကစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒေသတွင်းမဟာမိတ် အဖွဲ့အ စည်းတွေ ပစ်ခတ်တိုက်ခိုက်လို့ စစ်သားလေးဦးနဲ့ရဲတဦးသေဆုံးတယ်လို့မုံရွာ တောင်ပိုင်းပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါ တယ်။
“မုံရွာမြို့အထွက်က မအူခွေးကင်းဂိတ်ကို တိုက် တာဗျ၊ စစ်​ဆေးရေးဂိတ်ပေါ့၊ စခ လေးကောင်နဲ့ ရခ တကောင် ပေါင်း ငါးကောင် သေတယ်၊ သူတို့ဘက် ကပြန်ပစ်တာတော့ရှိတယ်ဗျ၊ ဒီဘက်က ဒဏ်ရာရခဲ့ ပေမယ့် ကျဆုံးတာမရှိခဲ့ဘူး” လို့ People’s Defense Force – South Monywa တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ People’s Defense Force – South Monywa နဲ့အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းပါဝင်ခဲ့ပြီး ၄၀မမ(၂၇)လုံး၊ ၆၀မမ(၁၀)လုံး၊ ၈၀မမ(၇)လုံး၊ ၁၂၀မမ(၅)လုံး၊ စုစုပေါင်းမ မ(၄၉) လုံးနဲ့အတူ လက်နက်ငယ်တွေအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
တိုက်ပွဲဟာ စက်တင်ဘာ (၁၁)ရက် ညသန်းခေါင်ကျော်ကနေ နောက်တစ်နေ့မနက် နှစ်နာရီ ဝန်းကျင်အထိ နှစ်နာရီနီးပါးကြာ ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က အသံလာရာဘက်ကို ပြန် လည်ပစ်ခတ်ခဲ့တာ​ကြောင့် ပြည်သူ့ကာကွယ်ရေး တပ် ဘက်ကရဲဘော်တချို့ ပွန်းပဲ့ဒဏ်ရာအနည်း ငယ်သာရရှိခဲ့ပြီး စခန်းကိုပြန်လည် ဆုတ်ခွာနိုင်ခဲ့ တယ်လို့ People’s Defense Force- South Monywa က သတင်းထုတ်ပြန်ထားပါတယ်။