မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ် တဖက်ပွင့်ပြောင်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၁၅ဦးသေ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတခုကို တဖက်ပွင့်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ လို့ စစ်ကောင်စီဘက်က ၁၅ဦးဝန်းကျင် နေရာမှာပဲသေဆုံးခဲ့တယ်လို့ အဲ့ဒီတိုက်ခိုက်မှုပါဝင်တဲ့ ဒေသကာ ကွယ်ရေး တပ်တွေက ထုတ်ပြန်ပါတယ်။
“အတိုအပြတ် ဒဏ်ရာရှိသူတွေလဲများမယ်ဗျ၊ကျွန်တော်တို့မှာ ပြန်ပစ်စရာမရှိလို့ ရှိရင်ဒီကောင်တွေ နေရာမှ ာတင် သေပန်းပွင့်ကုန်မှာ”လို့ တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်ရဲ့ ပြောဆိုချက်ကို မြင်းမူလင်းယုန် နက်ကာ ကွယ်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာပြန်လည်ဖော်ပြပါတယ်။
မြင်းမူမြို့နယ် အလ္လကပ္ပ ကျေးရွာကနေ ရေပိုးစားဘက်ကို တောလမ်းအတိုင်းခြေကျင်ထွက်လာတဲ့ အင်အား (၃၈)ဦးပါ စစ်ကြောင်းကို ဒီနေ့နေ့လယ်ပိုင်းမှာ တဖက်ပွင့်ပြောင်း ခြောက်လုံးနဲ့ နှစ်ပစ်ခတ်တိုက်ခိုက်ခဲ့ တာဖြစ် တယ်လို့ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မျက်မြင်တွေ့ရှိချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးနေရာမှာပဲ လဲကျ သေဆုံးတာကိုတွေ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်ပါတယ်။ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်တာရှိပေမယ့် ကာကွယ်ရေးတပ်တွေဘက်က အထိ အခိုက်မရှိဘူးလို့ ဆိုပါ တယ်။
အဲ့ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့၊မြင်းမူလင်းယုန်နက်ကာကွယ် ရေးအဖွဲ့၊ မြင်းမူ PDF၊ မြင်းမူလျှပ်စီးပြောက် ကျားအဖွဲ့၊Myinmu Civil Revolution Force၊ စစ်ကိုင်း ခရိုင်တပ် ရင်း(၆) တပ်ခွဲ(၂)စတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ခြောက်ခုက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ် တယ်လို့သိရပါတယ်