စစ်ကောင်စီက ဆယ်ရက်အတွင်း ဂန့်ဂေါမြောက်ပိုင်း ရွာလေးရွာကိုမီးရှို့ဖျက်ဆီးခဲ့

ဂန့်ဂေါမြို့ ခလရ (၅၀) ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အခုလဆယ်ရက်အတွင်း ဂန့်ဂေါ မြို့နယ်မြောက်ပိုင်း ရွာလေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ရွှေတောင်၊ မြင်းဇာ၊ လာပို့၊ ရွာစည်ရွာတွေက နေအိမ် ၄၂ နှစ်လုံး၊ နွား စာတိုက် ၉ လုံးနဲ့ မီးဘေးဒုက္ခသည်တွေအတွက် လှူဒါန်းထောက်ပံ့ဖို့ထားတဲ့ ဆန်တင်း ၁၅၀ ကို စက်တက်ဘာလအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။
” အိမ်တွေကို အကုန်ဝင်မွှေရုံမကဘူး၊ မြေကြီးတွေတောင်တူးဆွပြီးရှာသွားကြသေးတာ၊ရွှေတွေဘာတွေမြုပ်ထားလားရှာတာနေမှာပ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ဂန့်ဂေါမြောက်ပိုင်းတခွင် စစ်ကြောင်းထိုးပြီး အဲ့ဒီလို မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက် တင် ဘာ (၁၁) ရက်ညနေပိုင်းက ဂန့်ဂေါမြောက် ဘက် ကပ်ရက် စိန်ဒူးကျေးရွာကိုရောက်ရှိ ညအိပ်နေ တယ်လို့ သိရှိရပြီး ကျေးရွာသားတချို့ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ခလရ (၅၀) ထဲ ပြန်ဝ င်မဝင်မသေချာသေးတာကြောင့် ဂန့်ဂေါမြို့ မြောက်ဘက်က ကျေးရွာတွေဟာ စစ်ရှောင်နေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ်လတုန်းက လည်းဂန့်ဂေါနယ်မြောက်ပိုင်းက ထယ်လှော်၊ မောက်၊ မောက်လင်းကျေးရွာတွေကလူနေအိမ် (၇၉)လုံး၊ နွားစာတိုက် (၈) လုံး၊ ကား (၅)စီး၊ ဆိုင်ကယ်​တွေနဲ့သီးနှံတင်းပေါင်းထောင်ချီကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။