မိုးဗြဲတိုက်ပွဲ လေးရက်မြောက်နေ့မှာ စစ်ကောင်စီဘက်က အကျအဆုံးများ ၊ လက်နက်တွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ကြား ဒီကနေ့ ၄ရက်မြောက်နေ့တိုက်ပွဲမှာ စစ်ကောင်စ်တပ်ဘက်က ၂၀ဦး သေဆုံးပြီး ပူးပေါင်း အဖွဲ့ဘက်က ၂ဦးကျဆုံးခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒီကနေ့ စက်တက်ဘာ ၁၁ရက်၊မနက် ၇နာရီကစပြီး မိုးဗြဲမြို့ ၊ ပွဲကုန်း ၃ရပ်ကွက် ဘုရားကျောင်းဝန်း အနီးမှာ တပ်စွဲဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကို KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU ၊ URF တို့ပူးပေါင်းအဖွဲ့တွေက တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့ရတယ်လို့ KNDFက သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာတော့ MA-1 သေနတ် ၁လတ် ၊ MA-3 သေနတ် ၂လက် ၊ RPG သီး ၊ ၆၀မမဗုံးသီးတွေနဲ့ ဆက်သွယ်ရေး အထိုင်စက် ၁လုံး ၊ ကျည်ဆံတွေအပြင် အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ် လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အလွန်အကျွံသုံးတဲ့အပြင် တိုက်လေယာဥ်တွေနဲ့ ၂ကြိမ် တိုင်တိုင် လာရောက်ပစ်ခတ်တာကြောင့် ဒေသခံတွေရဲ့ နေအိမ်အများအပြားလည်း ထိခိုက် ပျက်ဆီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
မိုးဗြဲမြို့မှာ စက်တင်ဘာလ ၈ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့စစ်ကြောင်း ထိုးလာတာကြောင့် ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။