မိုးဗြဲတိုက်ပွဲမှာ ကာကွယ်ရေးမဟာမိတ်တပ်ဘက်က ဆယ်ဦးဒဏ်ရာရပြီး သုံးဦးစိုးရိမ်ရ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်က သုံးရက်ဆက်တိုက်ပွဲမှာ ဒေသတွင်း ကာကွယ်ရေးတပ်တွေဘက်က ဆယ်ဦးဒဏ်ရာရပြီး သုံးဦးစိုးရိမ်ရတယ်လို့ စစ်မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ Mobye PDF Rescue Team-MPRTက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
မိုးဗြဲမြို့နယ်မှာ ဒေသတွင်းကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတာ ဒီနေ့အပါ အဝင် သုံးရက်ဆက်တိုက်ရှိပါပြီ။စက်တင်ဘာ (၈)ရက်နဲ့(၉)ရက်တိုက်ပွဲတွေမှာ ဒေသကာကွယ်ရေး မဟာ မိတ်တပ် တွေဘက်က ထိခိုက်ဒဏ်ရာသူတချို့ရှိပေမယ့် စိုးရိမ်ရသူမရှိခဲ့ပါဘူး။
ဒီနေ့မှာတော့ စိုးရိမ်ရသူ သုံးဦးရှိတယ်လို့ Mobye PDF Rescue Team-MPRTက ထည့်သွင်း ထုတ်ပြန် တာဖြစ်ပါ တယ်။အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာခဲ့တာကြောင့် လေကြောင်းနဲ့လက်နက်ကြီးတွေ အသုံးပြ တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။
လက်ရှိအခြေအနေအရ နေ့စဉ်ရက်ဆက်တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တဲ့အခြေအနေရှိတာကြောင့် ဒေသတွင်း ကပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့လည်း Mobye PDF Rescue Team-MPRTကသတိပေးထားပါတယ်။
နေ့စဉ်ဆက်ရက်တိုက်ပွဲပြင်းထန်နေတာကြောင့် လက်နက်ခဲယမ်းတွေ အရေးပေါ်လိုအပ်နေလို့ ပြည်သူ တွေပါဝင် ကူညီပေးကြဖို့လည်း မိုးဗြဲ PDF က ထုတ်ပြန်တောင်းဆိုထားပါတယ်။