ဖမ်းမိထားတဲ့ အကျဉ်းဦးစီးအရာရှိနဲ့ပတ်သက်လို့ NUG ညွှန်ကြားချက်အတိုင်းဆက်လုပ်မယ်

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က ဖမ်းမိထားတဲ့ အကျဉ်းဦးစီးအရာရှိနဲ့ပတ်သက်လို့ အ မျိုးသားညီညွတ်ရေး အစိုးရ(NUG)က ညွှန်ကြားတဲ့အတိုင်း ဆက်လုပ်မှာဖြစ်တယ်လို့ ဖမ်းမိခဲ့တဲ့ အဖွဲ့က DNA ကိုပြောပါတယ်။
“ဖမ်းဆီးထားသူနဲ့ ပတ်သတ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကိုတင်ပြသွားဖို့စီစဉ်နေပြီး NUG ရဲ့ လမ်း ညွှန်ချက်အတိုင်းလိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်”လို့ အကျဉ်းဦးစီးဌာန အရာရှိကို ဖမ်းဆီးခဲ့တဲ့ F.F.P တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
မုံရွာအကျဉ်းဦးစီးဌာန အကျဉ်းထောင်ကြီးကြပ်ရေးအဖွဲ့က အင်ဂျင်နီယာ ဒုကြီးကြပ်ရေးမှူး တစ်ဦးကို စက် တင်ဘာလ ၉ ရက်နေ့မှာဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း(၂)တပ်ခွဲ(၄)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Fight For People ( F.F.P) က သတင်းထုတ်ပြန်ထားတာပါ။
ဖမ်းဆီးထားသူဟာ အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ်မျိုးညွန့်အောင် ကိုယ်ပိုင်အမှတ် က-၃၃၈၆ ဖြစ်ပြီး မုံရွာမြို့နယ်၊ သာစည် ကျေးရွာမှာ အသစ်ဆောက်လုပ်နေတဲ့အကျဉ်းထောင်ကနေ တိတ်တဆိတ်ထွက်ခွာလာချိန် သာစည် လမ်း ပေါ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ F.F.P ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဖမ်းဆီးရမိသူဟာ စစ်ကောင်စီလက်ထက် အသစ်ဆောက်လုပ်နေတဲ့ အကျဉ်းထောင်းတွေကို လိုက်လံကြီးကြပ် နေသူတစ်ဦးဖြစ်ပြီး မုံရွာမှာအသစ်ဆောက်လုပ်နေတဲ့ အကျဉ်းထောင်ကို စစ်ဆေးဖို့ရှောက်ရှိနေချိန်မှာဖမ်း ဆီး လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။