ခင်ဦး-ရေဦး ကားလမ်း ပေါ်က စစ်ကာင်စီကင်းစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ငါးဦးသေ

ခင်ဦး-ရေဦးကားလမ်း မူးတိမ်ချောင်း တံတားနားကစစ်တပ်ကင်းစခန်းကို စက်တင်ဘာလ ၉ ရက် မ နက်ပိုင်း အစောပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိတယ်လို့ Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီကင်းစခန်းဟာ အနီးအနားက လယ်ယာတွေမှာ အလုပ်လာလုပ်တဲ့ တောင်သူတွေကို ရိုက်နှက်တာ၊ လူငယ် တွေကိုPDF လို့ စွပ်စွဲပြီး ရိုက်နှက်တာတွေအပြင် ကျွဲကျောင်းသားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ တာကြောင့် တိုက်ခိုက်ခဲ့တာလို့ Dragon Urban Guerrilla အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
“ဥပဒေမဲ့လုပ်တယ်၊ ညဆိုရင် သူတို့မသင်္ကာတဲ့ ကျေးရွာဘက်ကို လက်နှက်ကြီးတွေ ထုတယ်၊ခရီးသွား တွေကို လည်း ပိုက်ဆံတောင်းတယ်၊စားစရာဆိုရင် ယူထားတယ်” လို့ အဲ့ဒီတပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီခြောက်လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရအပြီးမှာ စစ် ကောင်စီတပ် တွေကလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ဒေသ ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိပဲ ပြန်လည် ဆုတ်ခွာနိင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့သူတွေကို လာရောက်ခေါ် ဆောင်သွားတဲ့ စစ်ကားက လမ်းတစ် လျှောက်က ကျေးရွာတွေကို လက်နက်ငယ်အချက်ငါးဆယ်ထက်မနည်းပစ်ခတ်ခဲ့သလို မူးတိမ်ချောင်း ကင်းစခန်းမှာ ကျန် နေခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း အနီးအနားကကျေးရွာတွေကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီစစ်တပ်ကင်းစခန်း ဒရုန်းနဲ့တိုက်ခိုက်မှုကို Dragon Urban Guerrilla နဲ့အတူ Wolf Guerrilla(Ye-U) ၊ NORTHERN TIGERS GROUP(NTG) Brothers of Lands Defense Force(BLDF) Hero Army(Khin-U)၊ NAA-DF၊ Burmese Revolution Youths၊ Fire Dragon(Khin-U)၊ Eagle Defense Force အဖွဲ့တွေက ပူးပေါင်း လုပ် ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီမဟာမိတ်တပ်ဖွဲ့တွေဟာ တနေ့တည်းမှာပဲ ရွှေဘိုနယ် ခွန်တောင်းကြီးကျေးရွာ အနီးမှာ မိုင်းထောင် နေတဲ့ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့့ ဗုံးသီးခုနစ်လုံးချတိုက်ခိုက်လို့ ပျူနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရကြတယ်လို့ တဆက်တည်းထုတ်ပြန်ပါတယ်။