မင်းတပ်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်တပ်က လှော်ဝရွာခံတွေကို ဖမ်းဆီးပြီး ဖုန်းတွေသိမ်း

မကွေးတိုင်းနဲ့ချင်းပြည်နယ်အစပ် မယ်လယ်ကုန်းကျေးရွာနားတိုက်ပွဲမှာတပ်ဖွဲ့ဝင် တချို့ သေဆုံးခဲ့တဲ့ စစ်တပ်ဟာ မယ်လယ်ကုန်းရွာရဲ့အနောက်ဘက်က လှော်ဝရွာမှာ စခန်းချနေပြီး ရွာခံတွေကိုဖမ်းဆီးကာ ဖုန်းတွေသိမ်းယူထား တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ CDF-Mindat နဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မယ်လယ်ကု န်းရွာနား မှာ စက်တင်ဘာ ၉ရက် မနေ့က နေ့လယ်ပိုင်းမှာထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတာပါ။အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက် က သုံးဦးကျဆုံးပြီး အများအပြား ဒဏ်ရာရနိုင်တယ်လို့ CDF-Mindat ကထုတ်ပြန်ထား ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မယ်လယ်ကုန်းရွာက အနောက်ဘက်က လှော်ဝ ရွာကို တပ်ဆုတ်စခန်းချနေကြတာဖြစ်ပြီး ရွာခံတွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက DNA ကိုပြောပါတယ်။
CDF-Mindat ကတော့ လှော်ဝရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရွာကဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အ ပါအဝင် ရွာခံအားလုံးနီးပါးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် နေချိန်မှာ ကျောက်ထုမှာရှိတဲ့ စစ်ကောင်စီအမြှောက်တပ်က လက်နက်ကြီး လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။