လာမယ့် တနှစ်အတွင်း ပိုမိုကျယ်ပြန့်တဲ့ စစ်ရေး၊နိုင်ငံရေးရလဒ်တွေထွက်လာဖို့ တော်လှန်ရေးအရှိန်အဟုန် မြှင့် တင်လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလကပြောပါတယ်။
“စိုးမိုးထိန်းချုပ် နယ်မြေပေါင်းများစွာပေါ်လာလိမ့်မယ်”လို့ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်းကြေညာတဲ့ တနှစ်ပြည့်အနေနဲ့ ဒီကနေ့ မိန့်ခွန်းပြောရာမှာ ယာယီ သမ္မတက ထည့်သွင်းပြောဆိုပါတယ်။
လက်ရှိခုခံတော်လှန်စစ်ကြေညာပြီးနောက် တနှစ်အတွင်းမှာပဲ စစ်ကောင်စီက ကောင်းကောင်းစိုး မိုး အုပ်ချုပ်နိုင်တဲ့ နယ်မြေဟာ တိုင်းပြည်ရဲ့တဝက်တောင် မရှိတော့ဘူးလို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။
ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း တိုက်ပွဲတွေမှာ ခန့်မှန်းခြေစာရင်းအရ PDF နဲ့ မဟာမိတ်တိုင်းရင်း သားလက် နက်ကိုင်တွေဘက်က (၁၅၀၀)ကျော်ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က နှစ်သောင်းကျော် သေဆုံးကာ ခုနစ်ထောင်ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်အထိ ခုခံတော်လှန်စစ်နဲ့ပတ်သက်လို့ အဓိက အားနည်းချက်တွေကိုလည်း ယာယီ သမ္မတ ဒူဝါလ ရှီးလက ထည့်ပြောခဲ့ပါတယ်။တနိုင်ငံလုံးမှာ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို လွှမ်း ခြုံနိုင်တဲ့ စနစ်ကျတဲ့ အမိန့်ပေးကွပ်ကွဲမှုစနစ်အားကောင်းဖို့လိုအပ်နေသေးတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးစစ်သည်တော်တွေအတွက် စနစ်ကျတဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ လက်နက်ခဲယမ်းတွေ ဖြည့် ဆည်းပေးနိုင်မှုတွေမှာလည်း အားနည်းချက်တွေရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။လိုအပ်ချက်အရ အချိန်တို အ တွင်း ခုခံတွန်းလှန်စစ်စတင်ခဲ့ရတာနဲ့ ဘဏ္ဍာရေးလိုအပ်ချက်တွေကြောင့် ဒီလိုအားနည်းချက် တွေရှိနေတာဖြစ် တယ်လို့လည်း ဆက်ပြောပါတယ်။
“ဘဏ္ဍာငွေ အကန့်အသတ်ကြောင့် အခုအချိန်အထိ လက်နက်ခဲယမ်းမီးကျောက် မလောက်မငှဖြစ်နေတာကို ပြည်သူအားလုံးသိရှိပြီးဖြစ်ပါတယ်”လို့ ယာယီ သမ္မတဒူဝါလရှီးလက ပြောပါတယ်။
ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်နေသူတွေကို နည်းပညာ၊လက်နက်ခဲယမ်း၊ငွေကြေးထောက်ပံ့မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအ ညီပေးဖို့ကိုလည်း သူ့ရဲ့မိန်းခွန်းအတွင်းထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ လက်နက် လုံလုံလောက်လောက် တပ်ဆင်ပေးနိုင်ဖို့ အတွက် လုံ လောက်တဲ့ဘဏ္ဍာရန်ပုံငွေရရှိရေး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နည်းလမ်းစုံကြိုး ပမ်း ဆော င်ရွက်နေ တယ်လို့ ဒီကနေ့သူ့ရဲ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကာလတွင်း တော်လှန်ရေးအောင်ဖို့လိုအပ်တဲ့ ရေခံမြေခံအားလုံးကို တည် ဆောက်ခဲ့ပြီး လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးဟာအရေးကြီးမယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြော ပါတယ်။ NUGအစိုးရအနေနဲ့ မဟာမိတ်တွေအားလုံးနဲ့ တော်လှန်ရေးရဲ့ အဆုံးဖြတ်ကို ရယူသွားမယ်လို့ သူကဆိုပါတယ်။