မြင်းမူ မြို့ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အ.ထ.က (၁) ကျောင်းအတွင်းမှာ အင်အား (၂၀) ခန့် တပ်ဆွဲထားတဲ့နေရာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ (၆) ရက်နေ့ ညပိုင်းမှာ ဝင်ရောက်တိုက် ခိုက်ခဲ့တယ်လို့ People’s Army To Fight Dictatorship (PAFD) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မဟာမိတ်တွေ PAFD ရဲ့ တပ်ခွဲတွေပေါင်းပီး မြင်းမူမြို့ကျောင်းတွင်းမှာ တပ်စွဲနေတဲ့ စကစ အဖွဲ့တွေကို D-Day ကြေညာတဲ့ တစ်နှစ်ပြည့်အတွက် ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
(၄၀)မမ နဲ့ ပစ်ခတ်ခဲ့ပြီး အထူးပြုလုပ်ထားတဲ့မိုင်း (မိုင်းဘီလူး)နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့လည်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတွေဘက် ထိခိုက်မှုများနိုင်တယ်လို့ ဆိုပါတယ်။
“အသေအပျောက်ရှိတယ်ဆိုတာပဲ သိထားရပါသေးတယ်။ ကျွန်တော်တို့အတည်ပြုချက် သေချာမရသေးပါဘူး။ ည mission ဖြစ်တဲ့အတွက် “ လို့ DRPA က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ပြီး ခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာလည်း မြင်းမူမြို့နယ်ထဲက မူးမန်းတလေး ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD) တပ်ခွဲDK PDF(MMU) People Knight Defence Foce Myinmu(PKDF MMU) .TAUNGTHA(TTA PDF).D.B.B.F MMU တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။