ဂါဇာမှာ ဟားမက်စ်အဖွဲ့က ပါလက်စတိုင်း ငါးဦးကို ကွပ်မျက် 

Photo – Reuters

ဂါဇာကမ်းမြောင်ဒေသ ထိန်းချုပ်ခွင့်ရ ဟားမက်စ်အဖွဲ့ဟာ ပါလက်စတိုင်း ၅ဦးကို စက်တင်ဘာလ ၄ရက်နေ့က ကွပ်မြတ်ခဲ့တယ်လို့ ဟားမက်စ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီငါးဦးအနက် နှစ်ဦးဟာ ၂၀၁၅ခုနှစ်နဲ့ ၂၀၀၉ခုနှစ်တွေမှာ  အစ္စရေးအတွက် စုံစမ်းထောက်လှမ်းရေး လုပ်ခဲ့တယ်ဆိုပြီး စွဲချက်တင်ခံခဲ့ရတာပါ။  

ကြိုးပေးတာ ဒါမှမဟုတ် သေနတ်နဲ့ ပစ်ခတ်ပြီး ကွပ်မျက်တာတွေက ၂၀၁၇ ကတည်းက ပါလက်စတိုင်း နယ်မြေတွေမှာ ပထမဆုံး စတင်ခဲ့တာပါ။

ဂါဇာကမ်းမြောင်ဒေသမှာ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးစီရင်တာတွေနဲ့ ပတ်သတ်လို့ လူ့အခွင့်အရေး အဖွဲ့တွေဝိုင်းဝန်း ဝေဖန်ခဲ့တဲ့ အရင်က ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ အသတ်ခံခဲ့ရတဲ့သူတွေရဲ့ နာမည်အပြည့်အစုံကိုတော့ ဖော်ပြ မထားပါဘူး။ 

အသက် ၄၄နှစ်အရွယ်နဲ့ ၅၄နှစ်အရွယ် သူလျှိုနှစ်ယောက်ဟာ အစ္စရေးကို သတင်း အချက်အလက်တွေပေးပြီး ပါလက်စတိုင်းသားတွေအသတ်ခံရအောင်လုပ်ခဲ့တာကြောင့်  အခုလိုစီရင်ခဲ့တာဖြစ်ပြီး ကျန်တဲ့သုံးယောက်က လူသတ်မှုကျူးလွန်ခဲ့တာလို့ ဆိုထားပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရုံးကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး မေးမြန်းချက်တွေကို ဖြေကြားဖို့ ငြင်းဆိုခဲ့ ပါတယ်။ 

တရားဝင်လုပ်ထုံးလုပ်နည်းအတိုင်း ဆုံးဖြတ်ပြီးမှာ အခုလိုစီရင်တာဖြစ်ပြီး သူတို့ကို ခုခံပိုင်ခွင့် အပြည့်အဝပေးပြီးတဲ့နောက်မှာ အပြီးသတ် ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Reuters အနေနဲ့တော့ဒါကို သီးသန့်အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ပါလက်စတိုင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးရရှိရေးအဖွဲ့တွေကတော့ ဟားမတ်စ်အဖွဲ့နဲ့ ပါလက်စတိုင်းအာဏာပိုင်တွေကို ရှုတ်ချခဲ့ပါတယ်။

ပါလက်စတိုင်း ဥပဒေအရ ကြိုးပေးကွပ်မြက်မှုတွေနဲ့ ပတ်သတ်လို့ သမ္မတ Mahmoud Abbas မှာအမိန့်ပေးခွင့်ရှိပေမယ့် ဂါဇာမှာတော့ သူ့ရဲ ဩဇာအာဏာ သက်ရောက်မှု မရှိပါဘူး။

Palestinian Center for Human Rights (PCHR) အဖွဲ့အစည်းက အခုလိုကွပ်မြက်တာကို ရှုတ်ချခဲ့ပြီး ဟားမက်စ်အဖွဲ့ဟာ ပါလက်စတိုင်းဥပဒေကို ချိုးဖောက်နေတာလို့ ပြောဆိုထားပါသေးတယ်။

ဟားမတ်စ်အဖွဲ့အစည်းက ဂါဇာကို သိမ်းယူပြီးတည်းက ပါလက်စတိုင်းပြည်သူ၁၈၀နီးပါး သေဆုံးခဲ့ရပြီး ၃၃ယောက် ကွပ်မြက်ခံခဲ့ရတယ်လို့ PCHR ရဲ့ စာရင်းတွေအရ သိရပါတယ်။