ဟားခါးမြို့အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြု

Photo- CJ
ဟားခါးမြို့အနီး ထန်တလန်ဘက်အထွက် သချိုင်းဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံကာ ကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားအပြီးမှာ စစ်ကောင်စီတပ်က ပြည်သူအချို့ကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“စပျစ်ခြံကပြန်လာတဲ့သူတွေ ကို ဖမ်းပြီး သူတို့ကြားမှာ ခေါ်သွားတယ်ပြောတယ်” လို့ ဟာခါးမြို့မှာ နေထိုင် သူ တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ဒီနေ့ စက်တင်ဘာ (၃)ရက်မွန်းလွဲပိုင်း ကတိုက်ပွဲ ဖြစ် အပြီးမှာ ဟားခါးတက္ကသိုလ်က ဂိတ်စောင့် နှစ်ဦး နဲ့စပျစ်ခြံကပြန်လာတဲ့ ပြည်သူ (၁၀) ဦးကို လူသား ဒိုင်းအဖြစ် အသုံးပြုပြီး စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီလို ပြည်သူတွေကို လူသားဒိုင်းလုပ်ပြီးချိန်မှာတော့ တိုက်ပွဲဖြစ်တာမရှိတော့လို့ စစ်ကြောင်းမှာ ပြည်သူ တွေ ကြားညှပ်ပါလာလို့ ကာကွယ်ရေးတပ်တွေက မတိုက်ခိုက်တော့ဘဲ နောက်ဆုတ် သွားကြတာဖြစ်နိုင် တယ်လို့ ဒေသ ခံတွေက ယူဆကြပါတယ်။
လူသားဒိုင်းအဖြစ်အသုံးပြုခံရတဲ့သူတွေထဲမှာ အမျိုးသမီး ငါးဦးပါဝင်ပြီး ဒီနေ့ညနေပိုင်းမှာပဲ အားလုံး ပြန်လွတ် လာကြတယ်လို့သိရပါတယ်။အခုတိုက်ပွဲဖြစ်ခဲ့တဲ့နေရာဟာ ဟားခါးမြို့နဲ့ သီမစ်ချောင်းတံ တားကြားမှာဖြစ်ပါတယ်။
စစ်ကောင်စီက သီမစ်ချောင်းတံတားကို ပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတာလချီကြာမြင့်ခဲ့ပေမယ့် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်မူကြောင့် လက်ရှိအချိန်အထိ တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။
ဇူလိူင်လ ၃၀ ရက်နေ့ကစ ဖြစ်ပွားခဲ့တဲ့ သီမစ်ချောင်းဝန်းကျင်တိုက်ပွဲတွေမှာ တစ်လအတွင်း စစ်ကောင်စီ ဘက်က ၆၀ ကျော်သေဆုံး၊ အများအပြားဒဏ်ရာရှိခဲ့ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျ ဆုံး ကျ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ CNF ကထုတ်ပြန်ထားပါတယ်။
ဟားခါး-ထန်တလန်အကြား သီမစ်လွင်ပြင်အနီး၀န်းကျင်မှာ စစ်ရေးတင်းမာမှု အရှိန်မြင့်နေတာကြောင့် ဒေသ ခံပြည်သူတွေအနေနဲ့ အဲ့ဒီဒေသဘက်ကိုတောလည်ထွက်တာ၊ခရီးသွားလာတာတွေ မပြုကြဖို့ ဒေသတွင်း တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
(စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲ
ဖြစ်ခဲ့တဲ့ဟားခါးတက္ကသိုလ်အနီးမြင်ကွင်း)