အာဏာရှင်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့ ကလေးမြို့ပင်မသပိတ်

photo CJ
ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ်ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းမျိုးစုံနဲ့ သပိတ်မှောက်ဆန့်ကျင်လျက်ရှိတယ်လို့ သပိတ်အင်အားစုတွေနှင့် ဒေသခံပြည်သူတွေကပြောပါတယ်။
စက်တင်ဘာလ( ၃) ရက်နေ့ညနေပိုင်းမှာ ကလေးမြို့နယ်ပြည်သူတွေဟာ “Accept NUG and Our Ambassdor , Reject Dictator” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသလို့ ၂ ရက်နေ့ကလည်း ” နိုင်ငံသစ်တည်ဆောက်ဖို့ ပြည်သူအားလုံးပါဝင်ဖို့” စာတန်းကို မြို့တွင်းရှိ တံတားတစ်ခုမှာ ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ပြည်လူထုကိုလူံ့ဆော်တာဖြစ်သလို ဘယ်နေရာမဆိုသပိတ်တိုက်ပွဲရှိနေတယ်ဆိုတာပြသတဲသဘောပါ” လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
သြဂုတ်လအတွင်းမှာ ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့နယ်ပြည်သူတွေဟာ အင်အားအများအပြားနဲ့ ဆန္ဒပြချီတက်ခဲ့ကြသလို သပိတ်ဟောပြောပွဲတွေ၊ ဆိုင်ကယ်နဲ့ချီတက်တာတွေပြုလုပ်ခဲ့ကြတာအပြင် စစ် အစိုးရလက်အောက်ခံ ဦးသိန်းစိန်အစိုးရလက်ထက်က ပြဌါန်းပြောင်းလဲခဲ့တဲ့ နိုင်ငံတော်အလံတွေကိုပါ မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ် ကိုသပိတ်မှောက်လာတာ ရက်ပေါင်း(၅၇၄) ရက်ရှိခဲ့ပြီဖြစ်ပါတယ်။