ဧရာဝတီတိုင်း ပုသိမ် အကျဥ်းထောင်ထဲမှာ ရှောက်တခင် ဝင်ရောက် စစ်ဆေးတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့နဲ့ နိုင်ငံရေး အကျည်းသားတွေ ဒီနေ့(သြဂုတ်လ ၂၈ ရက်)မနက်ပိုင်းက အပြန်အလှန် ထိုးကြိတ် ရိုက်ပုတ်တာ ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ရဲအထူးသတင်းတပ်ဖွဲ့ နဲ့ စရဖ တွေပါဝင်တဲ့ စစ်ဆေးရေး အဖွဲ့တွေက နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ပုံစံကြီး ထိုင်ခိုင်းပြီး စစ်ဆေးရာက စကားများပြီး အဖွဲ့လိုက်ထိုးကြ ရိုက်ကြတာလို့ အကျဥ်းဦးစီး ဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
“ကြီးကြီးကျယ်ကျယ် ထိခိုက်တာတော့ မရှိဘူးလို့သိရတယ်။ ခုတော့ ထောင်ထဲက အဆောင်တွေ အားလုံး သော့ပိတ်ထားတယ် ။ ထောင်ဝန်ထမ်းတွေပါ အပြင်ထွက်ခွင့် မပေးဘူး “လို့ အကျဥ်းဦးစီး ဌာနနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ် ။
စစ်ကောင်စီ ရဲ့ သတင်းတပ်ဖွဲ့ဝင် တွေဟာ ထောင်အာဏာပိုင်တွေရဲ့ လုပ်ပိုင်ခွင့်တွေ ကိုစွက်ဖက်ပြီး ထောင်စည်းကမ်း ကိုချိုးဖောက်ကာ နိုင်ငံရေးအကျဥ်းသားတွေ အချိန်မတော် ထောင်ထဲက ခေါ်ထုတ် စစ်ဆေးတာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာ တွေ မကြာခဏလုပ်တယ်လို့ သိရပါတယ်။
ထောင်ပုံစံကြီး ဆိုတာကတော့ စစ်ဆေးခံ အကျဥ်းသားက လက်နှစ်ဖက်ကို ဦးခေါင်း ပေါ်တင်၊ ခြေဖျားထောက် ဒူးကွေးထိုင် အနေအထား ဦးခေါင်း မော့ကြည့် ခွင့်မရှိ ခေါင်းငုံထားရတဲ့ ပုံစံ ဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ဦး က ရှင်းပြပါတယ်။
“လူတစ်ဦးရဲ့ ဂုဏ်သိက္ခာကို ချိုးနှိမ်တဲ့ ၊ စော်ကားတဲ့ လုပ်ရပ်ဖြစ်လို့ ဒါမျိုးအကျဥ်း ထောင်ပုံစံတွေ ကမရှိသင့်တော့ဘူး” လို့ဆိုပါတယ်။