အကြမ်းဖက်စစ်တပ်မီးရှို့လို့ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာမှာ နေအိမ် ၁၄လုံးပျက်စီး

 

ကလေးမြို့ကနေ ဂန့်ဂေါ်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့နယ် တောင်ပိုင်းက ထယ် လှော်ကျေးရွာကို သြဂုတ်လ ၂၆ ရက်နေ့မှာ မီးရိူ့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၁၄လုံးမီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

 “မီးခိုးတွေကတော့ ဒီမနက် မနက်အ‌စောထိကိုမြင်နေရတယ်ဘင်းရွာကိုရှို့တာ၊၁၄ လုံးလောက်လောင် တယ်ကြား တာ” လို့ ဒေသခံတစ်ဦးက သြဂုတ်လ ၂၇ ရက်နေ့မှာ ပြောပါတယ်။

ကလေးမြို့ကနေ ထွက်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတွေက ဘင်းရွာလို့ ခေါ်ကြတဲ့ ထယ်လှော် ကျေးရွာကို သြဂုတ်လ ၂၅ ရက်နေ့ညနေမှာ ဝင်ရောက်ခဲ့ပြီး ၂၆ ရက်နေ့မှာ ကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့ တာဖြစ်ပါ တယ်။

အဲ့ဒီနောက် သြဂုတ်လ ၂၇ ရက် ဒီနေ့မှာတော့ စစ်ကြောင်းဟာ ထယ်လှော်ကျေးရွာကနေ မောက်ရွာဘုန်းကြီး ကျောင်းမှာပြောင်းရွှေ့တပ်စွဲထားပြီး ကျေးရွာက ပြည်သူတွေရဲ့ကြက်၊ဝက်တွေကို သတ်ဖြတ်စား သောက်နေကြ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကလက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးမှန်သေဆုံး တယ် လို့ သိရပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်ကောင်စီကစစ်ကြောင်း ထိုးနေ တာကြောင့် ထယ်လှော်ကျေးရွာ၊ မောက်ရွာက ပြည်သူတွေဟာ ဘေးလွတ်ရာ ကို ပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ နှမ်းခါး ကျေးရွာတိုက်ပွဲမှာ ဒေသခံကာကွယ်ရေးတပ်တွေက ရှော့ တိုက် တဲ့နည်းလမ်းတွေပါ အသုံးပြုခဲ့တာကြောင့် စစ်ကောင်စီက ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကို ခုချိန်ထိ လျပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

 သြဂုတ်လဆန်းပိုင်းမှာ ကလေးမြို့ကနေ ဂန့်ဂေါဘက်ကို ထွက်ခွာခဲ့တဲ့စစ်ကြောင်းဟာ ဂန့်ဂေါ- ကလေး လမ်း တလျောက် ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မူကိုခံခဲ့ရပြီး အထိနာနေတဲ့စစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီစစ်ကြောင်းဟာ ဂန့်ဂေါ – ကလေး လမ်းတစ်လျောက်က သာယာကုန်း၊ ချောင်းခွ၊ နှမ်းခါးရွာ စစ်ရှောင်တဲတွေကို မီးရှို့ခဲ့ပြီး ယခု ထယ်လှော်ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။