အင်းစိန်ထောင် အရာရှိဆောင်နဲ့ တပ်ဂိတ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ S.O.F ကြေညာ

သြဂုတ်လ ၂၂ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့အင်းစိန် အကျဉ်းထောင်အပြင်ဘက်ခြမ်းရှိ အရာရှိအ ဆောင် နှင့် စစ်ကောင်စီတပ်တွေ ဂိတ်ချထားတဲ့နေရာ ၂ခုကို ၆၀မမ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ Special Operation Force (S.O.F) အဖွဲ့က ထုတ်ပြန်ပါတယ်။
တပ်ဖွဲ့ဝင် Operators တွေရဲ့ ကျွမ်းကျင်စွာချိန်ဆပစ်ခတ်နိုင်ခဲ့လို့ အရာရှိတွေ နေတဲ့အိမ်ယာကို ဗုံးသီးနှစ်ချက် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ခန့်တပ်စွဲထားတဲ့ ဂိတ်တဲကို ဗုံးသီးနှစ်ချက်စီနဲ့ (ဗုံးသီးလေးချက်) ပစ်မှတ်တွေကို တိတိကျကျ ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဖေါ်ပြပါတယ်။
“ပစ်ခတ်တိုက်ခိုက်မှူအပြီး၃း၄၀ နာရီတွင်တဝန်းလုံးမီးများမှိတ်ပြီး လူနာတင်ယာဉ် သုံးစီးနှင့် DC နှစ်စီးဝင်လာကာ သေဆုံးနိုင်ခြေရှိသူများနှင့် ပြင်းထန်ဒဏ်ရာရသူ ၁၃ ဦးခန့်အား လာရောက်ထုတ်ယူသွားပြီး အခြားဒဏ်ရာရသူများအား ထောင်ဝန်းအတွင်းနေရာရွှေ့၍ လျှို့ဝှက်ကုသနေကြောင်းသိရပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝန်ထမ်းအဆောင်တစ်ခု အမိုးနဲ့ အုတ်နံရံတွေ ပြိုကျပျက်စီးခဲ့ပြီး အဲဒီနေရာကို ပိတ်ဆို့ကာရံထားကာ ဝန်ထမ်းတွေအားလုံးကို ပြင်ပနဲ့အဆက်အသွယ်ဖြတ်ပြီး သတင်းအပြင်မထွက်အောင် လုပ်ထားတယ်လို့ ဆိုပါတယ်။
SOF တပ်ဖွဲ့ဝင်တွေအနေနဲ့အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ SPECIAL OPERATION FORCE (S.O.F) အထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာ NUG အစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ ရဲ့ တိုက်ရိုက်ညွှန်းကြားချက်နဲ့ လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။