ရှရှားဟာ ယူကရိန်းမှာ ကျူးကျော်စစ်ဆင်နွှဲနေချိန် ကျင့်ဝတ်သိက္ခာအရ ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ ဂျီ ၂၀ ထိပ်သီးညီလာခံကို တက်ရောက်ခွင့်မရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
“ယူကရိန်းမှာ သူ့ရန်စမှုတွေ ဆက်ရှိနေချိန်မှာ ရုရှားဟာ ဂျီ ၂၀ ကို တက်ရောက်ခွင့် မရှိပါဘူး။ ရုရှားစစ်ပွဲရဲ့ သက်ရောက်မှုတွေကို ဂျီ ၂၀ထိပ်သီးအစည်းအဝေးတွေမှာ ထည့်သွင်းစဉ်းစားဖို့နဲ့ သမ္မတ ဇေလန်းစကီးဟာ လည်း ဒီအစည်းအဝေးမှာ ယူကရိန်းနိုင်ငံကို ကိုယ်စားပြုနိုင်တယ်ဆိုတာ ရည်ညွှန်းတဲ့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုပါတယ်” လို့ ဆိုထားပါတယ်။
ဂျီ ၂၀ အလှည့်ကျဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားဟာ ထိပ်သီးညီလာခံကို နိုဝင်ဘာလမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ တက်ရောက်မယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
ညီလာခံပြုလုပ်မယ့် ဘာလီကျွန်းကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အပါအဝင် နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေတက်ရောက်ကြမှာ ဖြစ်ပြီး အိမ်ရှင် အင်ဒိုနီးရှားဟာ ယူကရိန်း သမ္မတ ဇေလန်းစကီးကိုလည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
အခုနှစ်မှာ ဂျီ ၂၀ရဲ့ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ပူတင်ကို မဖိတ်ဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးတာကို ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။