Manchester United အသင်းကို ဝယ်မယ်ဆိုတဲ့ အီလွန်မက်စ်

Manchester United ဘောလုံးအသင်းကို ဝယ်ယူဖို့ ပြင်နေတယ်လို့ စွန့်ဦးတီထွင်သူ အီလွန်မက်စ်က သူ့ရဲ့ တွစ်တာအကောင့်မှာ ဩဂုတ်လ ၁၇ရက်နေ့က ရေးသားခဲ့ပါတယ်။

ဒီသတင်းဟာ ဘောလုံးအားကစားပရိတ်သတ်တွေနဲ့  လူမှုကွန်ရက်စာမျက်နှာတွေမှာ လှုပ်ခတ်နေပါတယ်။

Tesla နဲ့ SpaceX ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ အသက် ၅၁နှစ်အရွယ် အီလွန်မက်စ်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်းနဲ့ နောက်ပြောင်တဲ့ ကြေညာချက်တွေကို ပြောလေ့ရှိတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ 

Manchester United ဘောလုံးအသင်းရဲ့ အစုရှယ်ယာအများစုကိုတော့ Glazer မိသားစုက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ 

Glazer မိသားစုဟာ ၂၀၀၅ခုနှစ်မှာ Manchester United ဘောလုံးအသင်းကို စတာလင်ပေါင် ၇၉၀ သန်းနဲ့ ဝယ်ယူခဲ့တာပါ။

Manchester United ဘောလုံးအသင်းဟာ ၂၀၁၂ – ၂၀၁၃ ဘောလုံးရာသီကတည်းက ပရီးမီးယားလိဂ်ဖလား မဆွတ်ခူးနိုင်ခဲ့ပါဘူး။ လက်ရှိမှာလည်း အမှတ်ပေးဇယားအောက်ဆုံးရောက်ရှိနေတာ ဖြစ်ပါတယ်။