ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ် ၊ ဘုရားကုန်း ကျေးရွာအုပ်စု မာဃကျေးရွာမှာ ဒီလ (၁၅)ရက်နေ့က အမျိုးသားတဦးကို တရွာတည်းသားချင်း နှစ်ဦးက ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားတယ်လို့ သူရဲ့ မိသားစုဝင်က DNA ကိုပြောပါတယ်။
”ပုလင်းကွဲနဲ့ပြေးထိုးတာ လက်ဖျံကိုထိတယ်။ ပြီးတော့ဗိုက်ကိုရှုပ်ထိတယ်။ ကန်ကျောက်ထိုးနှက်ပြီးတော့သေ ပြီကိစ္စမရှိတော့ဘူး ထားခဲ့တော့လို့ပြောပြီး လက်ထဲကဆိုင်ကယ်သော့ကို ယူသွားတယ်” လို့ ဆိုပါတယ် ။
အဲဒီနေ့ ညနေက ကိုနေလင်းဦးကို တရွာတည်းနေသူ နှစ်ဦးက ဆိုင်ကယ်ကယ်ရီငှားတဲ့အတွက် လိုက်သွားရင်း ရိုက်နှက်အလုခံလိုက်ရတာလို့ အဲဒီမိသားစုဝင်က ပြောပါတယ်။အဲဒီလို လိုက်သွားရာမှာ လမ်းမှာ အရက်အတူတူသောက်ကြရင်း ခေါင်းကို ပုလင်းနဲ့ အရိုက်ပြီး ၊ ပုလင်းကွဲနဲ့ ထိုးကာ ဆိုင်ကယ်ကို ယူသွားတာလို့ ဆိုပါတယ်။ ဒါပေမယ့် DNAအနေနဲ့ ဒီ ဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
လက်ရှိအချိန်မှာတော့ ရိုက်နှက်ခံထားရတဲ့ ကိုနေလင်းဦးဟာ ဟင်္သာတဆေးရုံကြီးမှာ ဆေးကုနေရပြီး သက်ဆိုင်ရာကို တိုင်ကြားထားတယ်လို့ သိရပါတယ် ။ ဒါပေမယ့် ရိုက်နှက်လုယူသွားသူတွေကိုတော့ ဖမ်းမမိသေးဘူးလို့လည်း သိရပါတယ်။